Redundancy အဓိပ္ပါယ် ဖွင့်ဆိုချက်များ

ဤ အဓိပ္ပါယ် ဖွင့်ဆိုချက်များကို 2017 July တွင် approved ဖြစ်ထားသည့် TIA (Telecommunications Industry Association) Standard အား ကိုးကား ၍ အတတ်နိုင်ဆုံး နဲ့ အရှင်းလင်းဆုံး ဖြစ်အောင် ဘာသာပြန် ဆို ထားပါသည်။ အဆိုပါ Standard သည် HVAC system for Data Centers များအတွက် အကျုံးဝင် ပါသည်။ ကျွန်တော် နားလည်သလောက် ဆိုရလျင်တော့ ကျန် HVAC system များအတွက်လည်း ဤအတိုင်း ပင် ဖြစ်သည်။

Redundancy ဆိုသော အဓိပ္ပါယ်ကို ပမာဏ အနေနဲ့ အကြမ်းဖျင်း ရှင်းပြလိုပါသည်။ System design များတွင် ထိုစကားလုံးကို မကြာခဏ တွေ့ရမှာဖြစ်ပြီး ၎င်းသည် equipment တစ်ခုခု သော်လည်းကောင်း၊ path သော်လည်းကောင်း၊ system သော်လည်းကောင်း failure ဖြစ်ပါက operation ကို မထိခိုက်စေပဲ system လိုအပ်ချက်အတိုင်း အပြည့်အဝ ဆက်လက် အလုပ်လုပ်ဆောင်နိုင်မှုကို ဆိုလိုသည်။ ထို Redundancy ဖြစ်မှုကို အောက်ပါ အတိုင်း (၅) မျိုး ထပ်မံခွဲခြားထားသည်။

(1) N-Base Requirement

System ၏ အခြေခံ လိုအပ်ချက်များနှင့် ကိုက်ညီစွာ အလုပ်လုပ်နိုင်သည်။ သို့သော် redundancy မရှိ။ ဆိုလို သည်မှာ system failure သော်လည်းကောင်း၊ equipment တစ်ခုခု ဖြစ်၍ သော်လည်းကောင်း၊ maintenance တစ်ခုခု ပြုလုပ်လိုလျင်သော်လည်းကောင်း အခြေအနေ တစ်ခုခု၌ operation ရပ်သွားမည် ဖြစ်သည်။

(2) N+1 Redundancy

Equipment level တစ်ခု (သို့) path level တစ်ခု၌ ထားရှိသည့် Redundancy ကို ဆိုလိုသည်။

အဆိုပါ N+1 Redundancy သည် single path အတွင်း equipment level တစ်ခု အတွက်သာ စီစဉ်ထားရှိ ပါက တစ်စုံတစ်ရာသော အကြောင်းကြောင့် equipment fail ဖြစ်လျင်သော်လည်းကောင်း၊ အဆိုပါ equipment ကို maintenance ပြုလုပ်လိုလျင် သော်လည်းကောင်း operation ကို မထိခိုက်စေပါ။ သို့သော် path သည် အကြောင်းကြောင်း ကြောင့် fail ဖြစ်လျင်သော်လည်းကောင်း၊ maintenance ပြုလုပ်လိုလျင် သော်လည်းကောင်း အခြေအနေ၌ continued operation ကို ထိခိုက်နိုင်သည်။

အဆိုပါ N+1 Redundancy သည် path level တစ်ခု အတွက် စီစဉ်ထားရှိပါက path တစ်ခုသည် active (in operation) ဖြစ်‌နေပြီး ကျန် path တစ်ခု (+1) သည် standby (သို့) active ဖြစ်နေနိုင်သည်။ ဤ arrangement သည် ကြိုတင် စီစဥ်ထားသည့် maintenance ကို operation အား မထိခိုက်စေပဲ ပြုလုပ်နိုင်သည် (သို့) single fault တစ်ခု ရှိနေပါကလည်း operation အား မထိခိုက်စေပါ။

(3) N+x Redundancy

ဤ Redundancy တွင် အနည်းဆုံး အခြေခံလိုအပ်ချက်ထက် ပိုသည့် additional units, modules, paths, or systems ပါရှိသည်။ ထို အပို ပါဝင်မှုသည် နှစ်ခု နှင့် အထက် ဖြစ်နိုင်သည်။ အကယ်၍ x သည် 2 နှင့် အထက် ဖြစ်ပါက မည်သည့် two single units, modules, paths ၌ failure ဖြစ်လျင်သော်လည်းကောင်း (သို့) maintenance လုပ်လိုလျင် သော်လည်းကောင်း operation ကို မထိခိုက်စေပါ။

(4) 2N (or) N+N Redundancy

ဤ Redundancy တွင် base system တစ်ခုအတွက် လိုအပ်သည့် တစ်ခုချင်းစီတိုင်း အတွက် two complete units, modules, paths, or systems တို့ ထောက်ပံ့ပေးထားရသည်။ One entire unit, module, path, or system failure ဖြစ်သော်လည်း operation ကို မထိခိုက်စေပါ။

(5) 2(N+1) Redundancy

ဤ Redundancy တွင် two complete (N+1) units, modules, paths, or systems တို့ ထောက်ပံ့ပေးထား ရသည်။ One unit, module, path, or system failure ဖြစ်ခဲ့ချင်တောင်မှ အခြားသော redundancy တစ်ချို့ ဆက်လက် ထောက်ပံ့ပေးနေဆဲ ဖြစ်ပြီး operation ကို မည်သို့မှ မထိခိုက်နိုင်စေပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *