HVAC နှင့် ပတ်သက်သော နည်းပညာများကို တစ်နေရာထဲတွင် လေ့လာနိုင်ရန်အတွက် ရည်ရွယ်ပြီး ဤ website ကို ဖန်တီးထားပါသည်။

Website တည်ထောင်သူသည် ဆရာ အောင်မြတ်သူ ဖြစ်ပြီး HVAC Industry တွင် အလုပ် လုပ်ကိုင်နေသည်မှာ လုပ်သက် (၁၄) နှစ် ကျော် ရှိပြီ ဖြစ်သည်။

တစ်ဉီး တစ်ယောက်တည်း ဤ website တွင် ရေးသားနေခြင်းထက် HVAC-R Field မှ အခြား တတ်ကျွမ်း နားလည်သည့် ဆရာ များကိုလည်း ဖိတ်ခေါ်၍ အများ အကျိုးရှိစေမည့် အရည်အသွေး ရှိသော နည်းပညာများကို မျှဝေကြရန် ဖြစ်သည်။ ဤ အလုပ်ကို အချိန်ပေး၍ အားထည့် လုပ်ကိုင်နိုင်ကြရန်အတွက် အသေးစိတ် သင်ကြားပေးရမည့် အရာများအတွက် ထိုက်သင့်သည့် အခကြေးငွေကို ဉာဏ်ပူဇော် ခ ယူကြရန် ဖြစ်သည်။ Website ရေရှည် တည်တံ့စေရန် အတွက်လည်း budget လိုပါသည်။


Lecturers


အမည် – အောင်မြတ်သူ

ပညာအရည်အချင်း – M.E (St. Petersburg), Ph.D (Mandalay)

လုပ်ငန်း အတွေ့အကြုံ – ၁၅ နှစ် ကျော်

စင်္ကာပူ နိုင်ငံရှိ HVAC company တစ်ခု ဖြစ်သည့် Heinen & Hopman Engineering Singapore Pte Ltd. တွင် Technical Manager အနေဖြင့် လက်ရှိ အလုပ်လုပ်ကိုင်လျှက် ရှိသည်။

2020 ခုနှစ်တွင် “HVAC for Marine and Offshore – Volume 1” စာအုပ် ကို published လုပ်ထားပြီး နောက်ထပ် Volume 2 နှင့် Cold Room Refrigeration System စာအုပ် နှစ်အုပ်ကို ပြုစုရေးသားလျှက် ရှိသည်။