Tier-3 Piping Design

Redundancy နဲ့ ပတ်သက်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကျွန်တော် ယခင်က ဖော်ပြခဲ့ဖူးပါတယ်။ အခု ဖော်ပြ ထား တဲ့ ပုံက Tier-3 Piping Design ဖြစ်ပါတယ်။ Date Canter တွေမှာ အဓိက အသုံးပြုလေ့ရှိပါတယ်။ Connection နှစ်ခု အကြားမှာ valve နှစ်လုံးစီကို တွေ့ပါလိမ့်မယ်။ ထို့အတူ pipe ring header တွေကိုလည်း တွေ့ရမှာပါ။ ဒီ arrangement ဟာ concurrent maintainability အတွက် အသုံးပြုရခြင်း ဖြစ်ပါတယ်။ Valve တစ်လုံး (actuator failed or any other reason) service လုပ်ဖို့ လိုလာရင် နောက်တစ်လုံးကို အသုံးပြုလို့ ရနေပါသေးတယ်။ ထို့အတူ pipe connection နှစ်ခုအကြားမှာ leak ဖြစ်ခဲ့တယ် ဆိုရင်လည်း အဲဒီလိုင်းကို ပိတ်ထားပြီး အခြားလိုင်းတွေနဲ့ သုံးလို့ရနေပါသေးတယ်။ အဲဒီအချိန်မှာ leak ဖြစ်နေတဲ့ အပိုင်းကို ပြင်ဆင်နိုင်ဖို့ ပါ။ ဒီလို arrangement တွေဟာ system ကို အမြဲတမ်း 100% capacity နဲ့ run နိုင်အောင်လို့ ပြုလုပ်ထား ရခြင်း ဖြစ်ပါတယ်။ Chiller, cooling water pump and chilled water pump စတာတွေဟာလည်း duty and standby ရှိနေဖို့ လိုပါတယ်။ ဥပမာ၊ အခုပြထားတဲ့ပုံမှာ ဆိုရင် equipment တွေဟာ 3×50% capacity ရှိနေ တာကို တွေ့နိုင်ပါတယ်။

Valve တွေ၊ header တွေကြောင့် pressure drop များတဲ့ အားနည်းချက်တော့ ရှိပါတယ်။ PE pipe လို့ ခေါ်တဲ့ Polyethylene pipe တွေဟာ Steel pipe တွေထက်စာရင် pressure drop အတော်လေး လျော့နည်းပါတယ်။ အနည်းဆုံး ၂ ဆ လောက်အထိတောင် လျော့နည်းတာကို တွေ့ရပါတယ်။ Wall thickness သိပ်ထူသလို surface smoothness ကလည်း အများကြီး ကွာပါတယ်။ Weight ကို ကြည့်မယ်ဆိုရင်လည်း Steel ထက် အများကြီး ပေါ့ပါတယ်။ သို့သော် PE pipe တွေဟာ ဈေးကြီးလွန်းပါတယ်။ Installation ပိုင်းကို ကြည့်မယ်ဆို ရင်လည်း ကျွမ်းကျင်တဲ့ installer လိုသလို၊ special tools တွေလည်း လိုပါတယ်။ Trained ထားတဲ့သူမှ အဆင်ပြေနိုင်ပါတယ်။ PE pipe တွေမှာ joining methods တွေ ရှိတယ်။ Butt fusion, electrofusion, infrared fusion, socket fusion စသဖြင့် အများကြီး ရှိပါတယ်။ Heater နဲ့ အပူပေးပြီး တေ့ဆက် ဆက်တဲ့နည်း ကတော့ fitting နည်းစေတဲ့နည်းပါ။ စိတ်ဝင်စားရင် YouTube မှာ video file လေးတွေ ရှိပါတယ်။ လေ့လာကြည့်ပါ။

နောက်တစ်ဆင့်မြင့်တဲ့ Tier-4 Design ဆိုတာ ရှိပေါသေးတယ်။ သူကတော့ လုံးဝ အမှားမခံနိုင်တဲ့ application တွေမှာ သုံးပါတယ်။ US military လို နေရာမျိုးတွေမှာလည်း သုံးတယ်လို့ သိရပါတယ်။ ပုံထဲမှာ တွေ့ရတဲ့ future connection အတွက် ဆိုပြီး ထားပေးထားတဲ့ joint ကို တွေ့ရပါလိမ့်မယ်။ အဲဒါဟာ District cooling ဟာမျိုးတွေတွေအတွက် ရည်ရွယ်တာပါ။

Part of P&ID

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *