Considerations for AHU Room and Chiller Plant Room Arrangement

New-built တွေကို စလုပ်ရတဲ့ အခါမှာ Plant room arrangement က အရေးကြီးပါတယ်။ ပရောဂျက် အစ ဖြစ်တဲ့ အတွက် အခြား disciplines တွေနဲ့ ညှိနှိုင်းနေရတဲ့ အခါ ကိုယ့်ဆီက input ရမှ archi, naval architect စတာတွေက ဆက်အလုပ်လုပ်ရမှာ ဖြစ်တဲ့ အတွက် သူတို့အတွက် hold point ဖြစ်နေတဲ့ ကိုယ့်ဆီက ဒေတာကို ရဖို့အတော်လေး လောနေကြတာ ထုံးစံပါပဲ။ ဒီလိုအချိန်မှာ HVAC သမား အနေနဲ့ကလည်း ပြောရရင် ဘာမှ အဆင်သင့် ဖြစ်သေးတာတော့ မဟုတ်ဘူး များသောအားဖြင့်က။ Equipment selection ကို မလုပ်ရသေးခင်မှာ ဒါမျိုးကို ခန့်မှန်း‌ပေးရတာ အတော် ခွကျတဲ့ အလုပ်ပါ။ Standard equipment တွေကို သုံးမယ့်သူတွေ အတွက် တော်သေးပေမယ့် custom-built လိုမျိုးကို သုံးရမယ့်သူအတွက် အတွေ့အကြုံ အပေါ်မူတည်ပြီး ခန့်မှန်းကြရပါတယ်။ အဓိက အားဖြင့်တော့ သုံးခဲ့ဖူးတဲ့ similar unit တွေရဲ့ ဆိုဒ်ကို ကိုးကားရပါတယ်။ Project တွေ မတူတဲ့အတွက် design specification တွေကလည်း မတူနိုင်တဲ့ အတွက် basic component size တွေကိုတော့ သိထားဖို့ လိုပါတယ်။ မသိသေးရင်လည်း လေ့လာထားပါ။

ဥပမာ။ AHU တွေအတွက် စဉ်းစားကြည့်မယ် ဆိုရင် filter frame size တွေဟာ standard တွေ ရှိပါတယ်။ Pre-filter (coarse) တွေဟာ 48, 92 mm depth လောက်သာ ရှိပါတယ်။ ဒါကြောင့် installer အတွက် space နဲ့ support အတွက် စဉ်းစားရင် 200 mm လောက်ဟာ လုံလောက်ပါတယ်။ အလွန်ဆုံး 300 mm ထက် မပိုပါဘူး။ Fine filter (bag type) ဆိုရင် 550mm, 650mm လောက် ရှိပါတယ်။ ဒါကြောင့် bag filter အတွက် space က filter depth + 200 mm လောက်ဆို လုံလောက်ပါတယ်။ AHU frame width နဲ့ height ဟာ air flow နဲ့ air velocity အပေါ်မှာ မူတည်ပြီး စဉ်းစားနိုင်ပါတယ်။ Return air နဲ့ fresh air ကို ရောဖို့ လိုတယ်ဆိုရင် AHU inlet မှာ mixing box အတွက် စဉ်းစားရပါလိမ့်မယ်။ သုံးမယ့် duct size အပေါ်မူတည်ပြီး plenum box အပေါ်က ဝင်မယ်ဆိုရင် duct opening size ကို ကြည့်ပြီး plenum box size ကို ရွေးချယ်ရပါမယ်။ AHU length ဟာ အထဲမှာ ပါဝင်မယ့် components တွေအပေါ်မှာ မူတည်ပါတယ်။

Cooling coil size ဟာ cooling capacity အပေါ်မှာ မူတည်ပေမယ့် air flow and velocity အပေါ်မှာ အဓိက စဉ်းစားပါတယ်။ Coil တစ်ထပ်နဲ့ မရရင် နှစ်ထပ် (2-stage) လုပ်လို့ ရပါသေးတယ်။ ယခင် လုပ်ခဲ့ဖူးတဲ့ အဟောင်းတွေ (သို့) manufacturer တွေရဲ့ standard catalogue တွေကို ကိုးကားနိုင်ပါတယ်။ Heater ပါတယ် ဆိုရင် depth ဟာ heating capacity အပေါ်မှာ မူတည်ပါတယ်။ ဒါက heating element အတွက်ပါ။ သူ့အတွက် space က 300-500 mm လောက်ဆို အဆင်ပြေနိုင်ပါတယ်။ UV light ကို section တစ်ခု နဲ့ သီးသန့်ထည့်မယ် ဆိုရင် maintenance အတွက်ပါ ထည့်စဉ်းစားပါ။ Cooling coil ကို shine ဖို့ဆိုရင် downstream of cooling coil မှာ ထည့်ရမှာ ဖြစ်ပါတယ်။ မီးချောင်း တပ်ရုံသာ ဖြစ်တဲ့ အတွက် နေရာ သိပ်မလိုပေမယ့် တစ်ခုခု ဖြစ်ရင်၊ မီးချောင်း အသစ်လဲရင် ဘယ်လို လုပ်မလဲ ဆိုတဲ့ access ကို စဉ်းစားစရာ ရှိပါတယ်။ Fan နဲ့ မော်တာ ကတော့ manufacturer တွေရဲ့ standard catalogue တွေကို ကြည့်ပြီး ကိုးကားနိုင်ပါတယ်။ အဓိက ကတော့ fan size အပေါ်မှာ မူတည်ပြီး စဉ်းစားပါတယ်။ Fan size ဟာ air flow နဲ့ static pressure အပေါ်မှာ မူတည်တဲ့ အတွက် static pressure ကို ခန့်မှန်းပြီး air flow ကို ကြည့်ကာ fan size ကို ခန့်မှန်းနိုင်ပါတယ်။ Supply plenum ပါရင်လည်း 500mm depth ထက် ပိုတာ ရှားပါတယ်။

AHU frame ရဲ့ external dimension အတွက် insulation (sandwiched panel) thickness 50mm လောက် ထပ်ပေါင်းရင် အဆင်ပြေပါတယ်။ Damper တွေအတွက်ကတော့ part of ducting အနေနဲ့ စဉ်းစားနိုင်ပါ တယ်။ Ducting တွေ run မယ့် အနေအထား၊ မော်တာ၊ cooling coil, heater စတာတွေကို service or maintenance လုပ်နိုင်ဖို့ space ကို စဉ်းစားဖို့ လိုပါတယ်။ Chilled water system ဆိုရင် valve actuator တွေရဲ့ အနေအထားကို ထည့်စဉ်းစားရပါမယ်။ အဒါတွေက 600 mm လောက်အထိ ရှည်တတ်ပါတယ်။

AHU selection software တွေ ရှိမယ်ဆိုရင်တော့ ဒါတွေကို အလွယ်တကူ ခန့်မှန်းနိုင်ပါတယ်။ Eurovent လို software ဟာ dimension တွေကို ထားချင်တိုင်း ထားလို့မရပဲ အကန့်အသတ်တွေ ရှိပါတယ်။

Chilled water system ဆိုပါက pump size, storage tank size (buffer, expansion, chemical) စတာတွေကို ခန့်မှန်းဖို့ အနည်းဆုံး cooling capacity ကို သိဖို့ လိုသလို pipe size တွေနဲ့ actuator, service and maintenance ခန့်မှန်းနိုင်ရပါလိမ့်မယ်။ Maintenance အတွက်က compressor size, condenser size တွေကို ခန့်မှန်းနိုင်ရပါမယ်။ လေးတဲ့အရာတွေ ဖြစ်တဲ့အတွက် lifting အတွက် ကိုပါ စဉ်းစားရပါမယ်။ ပြီးတော့ နေရာချထားမှု အပိုင်းက အဓိကကျပါတယ်။ ဒါတွေက အကြမ်းဖျင်းပါ။

(မှတ်ချက်။ ကိုးကားလိုပါက Estimation အတွက်သာ ဖြစ်သည် ဆိုတာကို သတိပြုပါ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *