Duct Leakage Test

အရင်ကတော့ DW143 standard အရ test လုပ်လေ့ရှိပါတယ်။ အခု ပြထားတဲ့ tester က circular duct တွေ ထုတ်တဲ့ နာမည်ကျော် Lindab က ထုတ်ထားတဲ့ machine ပါပဲ။ တွေ့တဲ့အတိုင်း ခပ်သေးသေး ယူနစ်လေး တစ်ခုပါပဲ။ PANDA (Positive And Negative Duct Accreditation) system (or) PANDA unit တွေကိုလည်း သုံးကြပါတယ်။ သိပ်မကြာခင်က ကျွန်တော် HVAC Engineering Group မှာ တင်ခဲ့တဲ့ damper leak test အတွက် PANDA unit ကို သုံးပါတယ်။ PANDA unit ကတော့ ကြီးပါတယ်။ Powerful ဖြစ်ပြီးတော့ ဘီးတပ်လှည်းကလေးနဲ့ တင်ထားရပါတယ် အနည်းငယ်လေးတဲ့ အတွက်။ အခု Lindab က ထုတ်တဲ့ machine ကတော့ portable ပါ။ သာမန်လူတစ်ယောက်က အေးဆေးသယ်သွားနိုင်ပါတယ်။ ဒီစက်သေးလေးကလဲ positive and negative pressure နှစ်ခုစလုံး အတွက် test လုပ်နိုင်ပါတယ်။

Airtightness ကို DIN EN 13779 standard အပေါ်မှာ အခြေခံပြီးတော့ evaluate လုပ်ပါတယ်။ ဒီ standard ဟာ DIN EN 12237, 1507, 15727 standards တွေနဲ့ ထပ်တူပါပဲ။ အားလုံးဟာ European Standard တွေ ချည်းပါပဲ။ ဒါတွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

DIN EN 13779 Standard

Ventilation for non-residential buildings – Performance requirements for ventilation and room-conditioning systems

DIN EN 12237 Standard

Ventilation for buildings – Ductwork – Strength and leakage of circular sheet metal ducts

DIN EN 1507 Standard

Ventilation for buildings – Sheet metal air ducts with rectangular section – Requirements for strength and leakage

DIN EN 15727 Standard

Ventilation for buildings – Ductwork – Technical ductwork products, leakage classification and testing

=======================================================================

Lindab tester က အသုံးပြုပုံ ရိုးစင်းပါတယ်။ User friendly ဖြစ်ပါတယ်။ စမ်းသပ်မယ့် duct section ရဲ့ surface area နဲ့ test pressure, သက်ဆိုင်ရာ airtightness class ကို ရိုက်ထည့်ရုံပါပဲ။ Galvanized duct တွေဟာ Class B (medium pressure) နဲ့ပဲ အကျုံးဝင်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *