Circular air duct တွေ အတွက် pressure drop တွက်တာကို highlight လုပ်ချင်ပါတယ်။
Pressure drop calculation တွေ ဘာကြောင့် လုပ်ရသလဲ ဆိုတော့ မိမိရဲ့ system အတွက် သင့်တော်တဲ့ fan ကို ရွေးချယ်ဖို့ အတွက်ပါ။ System resistance တွေကို overcome (ကျော်လွန်) ဖြစ်စေနိုင်တဲ့ pressure ကို ထုတ်ပေးနိုင်တဲ့ fan ကို ရွေးဖို့ပါပဲ။
အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ သက်ဆိုင်ရာ pressure drop calculation တွေထဲမှာ ထည့်ပြီးတွက်ကြတယ်။ မှားလားဆိုတော့ မမှားပါဘူး။ သို့သော် တိကျလား ဆိုတော့လည်း မတိကျဘူး။ များရင်လည်းများသွားမယ်၊ နည်းရင်လည်း နည်းနေနိုင်တယ်။ အဓိကအားဖြင့်တော့ rectangular duct တွေအတွက် အသုံးပြုကြရတယ်။ ဘာကြောင့်လဲဆိုတော့ rectangular duct တွေက custom-made တွေ ဖြစ်လို့ပါ။ ကိုယ့် workshop မှာပဲ ကိုယ့်ဟာကိုယ် ရိုက်ကြတာ များတယ်။ နည်းနည်း အလုပ်ဖြိုင်တဲ့ HVAC contractor တွေက။ ကိုယ့်လူနဲ့ ကိုယ် duct ပုံးရိုက်တော့ under own control ဖြစ်တဲ့ အတွက် အရေးကြီးရင် ကြီးသလို ကိုယ့်လူတွေကို ခိုင်းနိုင်တယ်၊ control လုပ်နိုင်တယ်။ အဲဒီမှာ အရေးကြီးတာက လက်နဲ့ ရိုက်ရတဲ့ အတွက် workmanship quality တွေ မတူ တဲ့ အတွက် တသမတ်တည်း ဖြစ်တဲ့ quality ကို မရနိုင်ဘူး။ Circular duct တွေကတော့ စက် (machine) နဲ့ လုပ်ရတဲ့ အတွက် တသမတ်တည်း ထွက်တယ်။
အဲဒီတော့ circular duct manufacturer တွေမှာ စမ်းသပ်ထားတဲ့ ဒေတာတွေ ရှိတယ်။ Straight duct အတွက် pressure drop (Pa/m) ကဘယ်လောက် ရှိတယ်၊ fitting တွေ အတွက်က ဘယ်ဆိုဒ် ဆို pressure drop ဘယ်လောက် ဆိုတာတွေကို။ အဲဒါတွေကို ဂရပ်ကလေးတွေနဲ့ ပြထားတယ် သူတို့ရဲ့ catalogue တွေထဲမှာ။ အခုနောက်ပိုင်းတော့ application တွေတောင် ရှိလာနေပါပြီ။ မြန်မာပြည်မှာလဲ ကျွန်တော်တွေ့ပါတယ် စက်ရုံ၊ အလုပ်ရုံတွေ လုပ်နေတာ။ အဲလို စမ်းသပ်ထားတာ မရှိရင် လုပ်ကြဗျ။ ခန့်ခန့်ညားညား လုပ်ကြစမ်းပါ။ ဘာမှ ခက်တာလည်း မဟုတ်ဘူး။ Fan လေး တစ်လုံး၊ test rig လေး တစ်ခုပဲ လိုပါတယ်။ Pressure gauge လေးတွေ နဲ့ပေါ့။ သုံးစွဲရတဲ့သူအတွက် အရမ်း အဆင်ပြေသလို၊ ကိုယ့်ရဲ့ reputation လည်းကောင်းတယ်။ အခု နောက်ပိုင်း documentation ကောင်းတဲ့ (support လုပ်နိုင်တဲ့) brand ကိုပဲ လူတွေက သုံးကြတော့တာ။
အဲဒီလို စမ်းသပ်ရရှိထားတဲ့ ဒေတာတွေကို အခြေခံပြီးတော့ တန်းယူတွက်ရုံပဲ။ အခု ducting လောကမှာ နာမည်ကြီး ဖြစ်တဲ့ Lindab ရဲ့ နမူနာ တွက်ပြထားပုံကို ပြချင်ပါတယ်။ သူ့ product ဖြစ်တဲ့ circular duct ကို သာ သုံးမယ်ဆိုပါက အဲလို သူတို့ရဲ့ graph လေးကို ကြည့်ပြီး fan selection လုပ်ရုံပါပဲ။ Rectangular duct အတွက်ကတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ Manual ပဲ တွက်ရဦးမှာပေါ့။
တစ်ခါတစ်ခါမှာ ကျွန်တော်တို့က လွယ်တာကို ခက်အောင် လုပ်တတ်ကြတယ်။ အဆင်သင့် ရှိနေတာတွေကို မသုံးချင်ကြဘူး။ အဲဒါတွေက ကိုယ့် application အတွက် အသုံးအတည့်ဆုံးနဲ့ အတိကျဆုံး အဖြေတွေပါပဲဗျာ။ ဒါကိုအခြေခံပြီး ခေါင်းထဲမှာ ကျန်တာတွေပါ ဖြတ်ကနဲ လင်းသွားတယ်ဆိုရင်တော့ ကျေနပ်တယ်။