Duct Heater တွေကို Living Quarter ကော Machinery Space မှာပါ အသုံးပြုကြသည်။ Duct မှာ install လုပ်တဲ့ အတွက် duct heater ဟုခေါ်ခြင်း ဖြစ်သည်။
ဘယ်လို နေရာတွေမှာ သုံးသလဲ
သေးတဲ့ cabin (လူနေခန်း) တွေမှာဆိုရင်တော့ cabin unit (re-heater type) လေးတွေ သုံးပါတယ်။ ဒီအကြောင်းကိုလည်း ကျွန်တော် အတော်လေး ပြည့်စုံအောင် ရေးဖူးတဲ့ အတွက် ထပ်မပြောတော့ပါ။ အခန်းက အနည်းငယ် ကြီးပြီး heater မပါတဲ့ cabin unit တွေကို သုံးထားလျှင် သော်လည်းကောင်း၊ supply air diffusers တွေသုံးထားလျှင် သော်လည်းကောင်း duct heater တွေကို သုံးပါတယ်။ ဆိုကြပါစို့… Recreation room, meeting room, mess room စတဲ့ အခန်း တွေမှာ ဆိုရင် cabin unit (re-heater type) ကို မသုံးပဲ သာမန် air diffusers တွေကို ပဲ သုံးလေ့ ရှိပါတယ်။ Air diffusers နှစ်ခု ကနေ အခန်းကျယ်ရင် ကျယ်သလောက် အရေအတွက် များများ ရှိနိုင်ပါတယ်။
ဘယ်လို သုံးသလဲ
ဆောင်းတွင်းမှာ အပူပေးဖို့ သုံးတဲ့ heater ပါပဲ။ Part of ducting အနေနဲ့ air duct မှာ install လုပ်တဲ့ အတွက် duct heater လို့ ခေါ်ပါတယ်။ အခန်းရဲ့ cooling load ကို တွက်ချက် ပြီးတော့ လိုအပ်မယ့် heating capacity (kW) ရှိတဲ့ heater ကို သုံးရပါတယ်။ Customized အနေနဲ့ ကိုယ်ကြိုက်တဲ့ kW မှာလို့ ရတယ်။ 150 W ကတော့ အနည်းဆုံး အနေနဲ့ ရနိုင်ပြီး ဒီထက် နည်းနေရင်တော့လည်း မတပ်ပဲသာ ထားလိုက်ပါတော့။ တစ်ခု မှတ်ရမှာက ဒီ heater တွေဟာ သူ့တစ်ခုတည်း သက်သက် ဆိုရင်တော့ အနွေးဓါတ် ပေးဖို့ မလုံလောက်ပါဘူး။ Centralized heating system တစ်ခု နဲ့ တွဲသုံးဖို့ လိုပါတယ်။ ဥပမာ၊ AHU မှာ hot water coil heater or electric heater ပါ ပါလိမ့်မယ်။ ဆိုတော့ AHU က စထွက်လာ ကတည်းက လေဟာ အပူပေးပြီးသားပါ။ သို့သော် ဒါဟာ တစ်ချို့ လူတွေ အတွက် လုံလောက်ချင်မှ လုံလောက် ပါလိမ့်မယ်။ Extreme weather နဲ့လည်း တွေ့ကြုံ တဲ့ အခါမှာလည်း လုံလောက်မှာ မဟုတ်ပါဘူး။ လူတွေရဲ့ ခံနိုင်ရည် ဟာလည်း တစ်ယောက် နဲ့ တစ်ယောက် မတူတဲ့ အတွက် သူမအေး ပေမယ့် ကိုယ်အေးချင် အေးနေတာမျိုး ဆိုတော့ ဒီလို re-heater တွေ လိုပါတယ်။ Individual heating control တွေပါ။ လိုချင်တဲ့ temperature setting ကို thermostat မှာ adjust လုပ်နိုင်ပါတယ်။ ဥပမာ၊ centralized heating system က သတ်မှတ်ထားတဲ့ room design temperature ဟာ 20°C ဆိုပါက နောက်ထပ် +3°C လောက်တော့ ထပ်တိုးနိုင်ပါလိမ့်မယ်။ ဆိုလိုတာက 23°C လောက် အထိတော့ သွားနိုင်ပါလိမ့်မယ် ဒီ duct heater တွေနဲ့။
Install လုပ်ရတာ အရမ်း လွယ်ပါတယ်။ Rectangular type ဆို flange to flange connection with duct ဖြစ်ပြီး cylindrical type ဆိုရင် circular duct ထဲကို slot လုပ်ရုံပါပဲ။ Material အနေနဲ့ electro-galvanized (standard) ဖြစ်ပြီး stainless steel ကတော့ upon request အနေနဲ့ ရနိုင်ပါတယ်။
Duct heater ထဲမှာ ဘာတွေ ပါသလဲ
ဘာတွေ ပါသလဲ ဆိုတာတော့ အတိအကျ ပြောဖို့ ခက်သည်။ Vessel က register လုပ်မည့် classification society ၏ rules and regulations တွေ အပေါ်မှာ မူတည်ပြီး construction တွေ အနည်းငယ် အပြောင်းအလဲ ရှိနိုင်သည်။ သို့သော် အခြေခံ အချက်များကတော့ တူတာ များပါသည်။ ပါ၀င်နိုင်သော components များကို အောက်တွင် ဖော်ပြထားသည်။
Air flow switch
ဒီ switch ၏ ရည်ရွယ်ချက်သည် duct အတွင်း၌ air flow ရှိသည့် အခါ heater ON ၍ air flow မရှိသည့် အခါ no air flow alarm ဖြင့် heater OFF မည် ဖြစ်သည်။ ဘယ်လို အလုပ်လုပ် သလဲ ဆိုတော့ differential pressure နှင့် အလုပ်လုပ်သည်။ ကျွန်တော်တို့ comfort HVAC application တွေမှာ air flow switch ရဲ့ differential pressure ကို အသုံးပြု တဲ့ အခါ သိပ်ပြီး တိကျ စရာ မလိုအပ်ပေ။ ပုံ(၂) ကိုကြည့်ပါ။ ဒီအမျိုးအစားက သိပ်စျေး မကြီးသလို reliable လဲ ဖြစ်တယ် သုံးရတာ။ Europe brand တစ်ခုပါ။ Pressure setting အမျိုးမျိုး နဲ့ လာပြီး 20-300 Pa, 50-500 Pa,…. 1000-5000 Pa စသဖြင့် အမျိုးမျိုး ရှိ၍ ကိုယ့် application နဲ့ သင့်တော်တဲ့ range ကို တပ်ဆင် အသုံးပြု နိုင်ပါတယ်။ အသုံးများသော range ကတော့ 50-500 Pa ဆိုလျင် လုံအပ်တာ ထက် ပိုနေပါပြီ။ အခု ပြထားတဲ့ switch မှာတော့ relative (or) differential pressure က duct အတွင်း စီးဆင်းနေသော လေ၏ pressure နဲ့ control box ထဲမှာ ရှိနေတဲ့ pressure difference ပါ။ Switch မှာ process port နှစ်ခု ပါပြီး (+) port ကို tube နဲ့ connect လုပ်ပြီး duct heater အတွင်းသို့ ထည့်သွင်းကာ air flow ရဲ့ pressure ကို sense လုပ်ပါတယ်။ ပုံ(၃) မှာ ကြည့်ပါ။ ပုံမှန် 75 Pa လောက်မှာ ချိန်ထားရင် အလုပ်ဖြစ်ပါတယ်။ ဒီ pressure setting ကို commissioning လုပ်တဲ့ အချိန်မှာ ပြန်ချိန်ဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တချို့ branch တွေမှာ (ဥပမာ blower နဲ့ အတော်လေး ဝေးနေတဲ့ နေရာ ဆိုရင်) duct အတွင်း လေဖိအားက အတော်လေး အားပျော့ သွားတဲ့ အနေအထား ရှိပါတယ်။ ဒါမျိုးဆို ကိုယ်က 75Pa လောက်မှာ set လုပ်ထားရင် heater ကအလုပ် မလုပ်တော့ပါဘူး။ အပြစ်ရှာရင် ဘာကြောင့်မှ မဟုတ်၊ အဲဒီ setting ကြောင့်သာ ဖြစ်သည်။ ဒါမျိုးတွေ မကြာခဏ ကြုံတွေ့ရ တတ်သည်။
အဆိုပါ switch သည် မပါ မနေရ တော့ မဟုတ်။ Ventilation system ၌ သော် လည်းကောင်း၊ AC system ၌ သော် လည်းကောင်း fan blower ရှိသည့် အတွက် အဆိုပါ fan များမှ running signal ကို ရသည့် အခါ heater ON ဖို့ လိုပါတယ်။ ထို running signal ကို မရသည့် အခါ De-energized ဖြစ်ဖို့ လိုသည်။ ဆိုတော့ option (3) ခု ရှိသည်။
(1) Air flow switch ကို heater control box ထဲမှာ ထည့်ပြီး install လုပ်မလား
(2) Air flow switch ကို မသုံးပဲ fan များမှ running signal ကိုယူပြီး control လုပ်မလား
(3) အထက်ပါ နှစ်ခု စလုံး လုပ်မလား
ဒါက depend လို့ပဲ ပြောရမှာပါ။ ကျွန်တော် တော့ အထက်ပါ option သုံးခု စလုံးကို အသုံးချဖူးပါတယ်။
Control Panel လိုသလား
Heating element ကို power ပေးဖိုးနဲ့ control devices တွေကို power ပေးဖို့ လိုပါတယ်။ Control/safety devices တွေဟာ heater နဲ့ အတူ (control/junction box) ထဲမှာ ရှိနေတယ် ဆိုရင် power ပဲပေးဖို့ လိုတဲ့ အတွက် သဘောင်္ရဲ့ power distribution panel ကနေ feed လုပ်ရုံပါ။ Control devices တွေ မပါဘူး ဆိုရင်တော့ HVAC vendor or yard က control panel တစ်လုံး အသုံးပြု ဖို့ လိုပါတယ်။ ပုံ(၃) တွင် PLC ကို သုံးထားသော duct heater control panel တစ်လုံးကို ဖော်ပြ ထားသည်။
Air Thermostat (Overheat Protection)
Overheat protection အတွက် အနည်းဆုံး နှစ်ဆင့် ခံလေ့ ရှိသည်။ Auto reset နှင့် manual reset type တို့ ဖြစ်သည်။ အသုံးပြုလေ့ ရှိသော setting များကို ပြောလိုသည်။ ကိုယ်အသုံးပြုသည့် အမျိုးအစား ပေါ်မူတည်ပြီး temperature set point ဟာ ပြောင်းလဲ နိုင်တာကြောင့် အသေ မမှတ်ယူ ကြပါရန် ပြောလို ပါသည်။ ပြထားသော ပုံထဲမှ automatic thermostat သည် 79°C တွင် contact close (energized) ဖြစ်၍ 87°C တွင် contact open (de-energized) ဖြစ်သည်။ Heater ကို ဖြတ်သွားသော လေ၏ temperature ကို sense လုပ်ခြင်း ဖြစ်သည်။ Contact open/close သည် automatically အလုပ်လုပ် (reset) ခြင်း ဖြစ်သည်။
Manual thermostat သည် 120°C တွင် contact open ဖြစ်၍ သူ့ဟာသူ ပြန်မ ON တော့ပေ။ လူက သွား၍ manually reset လုပ်ပေးရသည်။ ဥပမာ၊ thermostat ရဲ့ အလယ်က ဘုလေး ကြွတက်လာ၍ ၎င်းဘုလေးကို ပြန်နှိပ် ပေး၍ reset လုပ်ပေးရခြင်း ဖြစ်သည်။ Control panel မှာ ဆိုလျင်တော့ alarm ကို reset လုပ်ပေးရသည်။ နောက်ရက်မှာ simulation လုပ်ထားတဲ့ video file လေးတင်ပေးဖို့ ရှိပြီး အဲဒီမှာ ကြည့်နိုင်ပါတယ်။
Element Thermostat (Overheat Protection)
အပေါ်က နှစ်မျိုးသည် လေ အတွက် ဖြစ်ပြီး နောက်တစ်မျိုးသည် heating element ၏ temperature အတွက် ဖြစ်သည်။ ဒီ thermostat သည် ပုံမှန်ဆို ပါဖို့ မလိုအပ်ပေ။ အခုပါတာက DNV requirement အရ ထည့်ထားခြင်း ဖြစ်သည်။ Heating element ၏ temperature rise သည် 150°C ထက် မကျော်ရ ဆိုသော ကန့်သတ်ချက် ရှိသဖြင့် cut-out လုပ်နိုင်ရန် ထည့်ပေးရခြင်း ဖြစ်သည်။
Heating element with or without fins
Standard အရ ဆိုလျှင် heating element တွေမှာ fin လေးတွေ ရှိပါတယ်။ ဘာမှ မပြောဘူး ဆိုလျင် တော့ အောက်က အတိုင်း လာပါလိမ့်မယ်။ Fin ပါတာ မလိုချင် ဘူး ဆိုလျင်လည်း ပြောထားပြီး မှာလို့ ရပါတယ်။ Fin တွေ ရှိခြင်းက အညစ်အကြေး၊ ဖုံ၊ bacteria စတာတွေ ကပ်ညိ နေနိုင်သဖြင့် တစ်ချို့က finless ဖြစ်ရမည်ဟု ပါတတ်သည်။ ဒါကြောင့် အပေါ်က ပုံတွေမှာ မတွေ့ရပါဘူး။
Heater casing ရဲ့ surface temperature rise ဘယ်လောက် အထိ တက်လာနိုင် သလဲ ဆိုတဲ့ မေးခွန်း ရှိလာပါတယ်။ လတ်တလော စမ်းသပ်ထားတဲ့ result အရ heater ဟာ heating element temperature 90°C လောက်မှာ ရှိနေချိန်မှာ casing ရဲ့ surface temperature ကို စစ်ကြည့်တဲ့ အခါမှာ 70°C လောက် ရှိပါတယ်။ Heating casing နဲ့ control box ကြားမှာ gasket တစ်ခု ခံထားပါတယ်။ သူဟာ normal temperature rise 250°C လောက်အထိ ခံနိုင်တဲ့ rubber gasket တစ်မျိုးပါ။
Micro switch (Cover switch for safety)
ဒီ switch မပါ မဖြစ် မဟုတ်။ Safety အတွက်သာ ဖြစ်၍ မပါလဲ ရသည်။ သူ့ရဲ့ function က control box cover ပိတ်ထားလျှင် အဖုံးက switch မှာ ပါတဲ့ roller လေးကို ဖိထား သလို ဖြစ်ပြီး ပုံမှန် အလုပ်လုပ် ပါတယ် (normally close contact)။ အဖုံးကို အခုပြထားသလို ဖွင့်ထားရင်တော့ contact open ဖြစ်ပြီး power cut-out ပါ။ အတွင်းထဲက components တွေ၊ ၀ါယာ တွေ လျှောက်ကိုင်လို့ အန္တရာယ် မရှိပါဘူး။ သူ့အလုပ်က ဒါပါပဲ။