ဤ “Air-conditioning System” online course အတွက် သင်တန်းကြေး ၃၅,၀၀၀ ကျပ် (ကျပ် သုံးသောင်းခွဲ) ပေးသွင်းဖို့ လိုအပ်ပါသည်။ သင်တန်းကြေး ပေးသွင်းပြီးပါက အကောင့် တစ်ခု (login ဝင်ရာတွင် အသုံးပြုမည့် အီးမေးလ်ကို ပြောရန် လိုပါသည်) နှင့် password ရမည် ဖြစ်ပြီး ၎င်းတို့ကို အသုံးပြု၍ login ဝင်ပြီးမှသာ အောက်တွင် ဖော်ပြထားသော သင်ခန်းစာ အားလုံးကို ဆက်လက် လေ့လာနိုင်မည် ဖြစ်သည်။ သင်တန်းကြေး (၃၅,၀၀၀ ကျပ်) သည် ဤ အောက်တွင် ဖော်ပြထားသော သင်ခန်းစာ များအတွက်သာ ဖြစ်ပါသည်။

Register ပြုလုပ်ရန် မလိုအပ်ပါ။ သင်တန်းကြေး ပေးသွင်းပြီးကြောင်းသာ အကြောင်းကြားရန် လိုပါသည်။

သင်ခန်းစာ များကို မြန်မာ ဘာသာဖြင့်သာ သင်ကြားပေးထားပါသည်။ (Myanmar language only used for all lectures)

ဤသင်ခန်းစာ အားလုံးအတွက် lecturer သည် ဆရာ အောင်မြတ်သူ ဖြစ်ပါသည်။ သူ့အကြောင်းကို သိရှိရန်ဤနေရာကို နှိပ်ပါ။


Brief Explanation for HVAC System Design

HVAC system နှင့် ပတ်သက်၍ ဒီဇိုင်းပိုင်းတွင် လုပ်ကိုင်ရသော အရာများကို အကျဉ်းချုပ်၍ ရှင်းပြထားပါသည်။

Lecture video (ကြာချိန် ၂၀း၂၇ မိနစ်)


Unit (1) Understanding Psychrometrics

Air-conditioning ပညာရပ်ကို လေ့လာရာတွင် Psychrometrics သည် အခြေခံ အကျဆုံး နှင့် အရေးအပါဆုံး ဖြစ် သည်။ Psychrometrics သည် လေ၏ ဂုဏ်သတ္တိများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသော ပညာရပ် ဖြစ်သည်။ လေကို လိုချင်သည့် condition တစ်ခုအထိရောက်အောင် treating (သို့) handling ပြုလုပ်ရာတွင် လေ၏ ဂုဏ်သတ္တိများ နှင့် သဘောသဘာဝ များကို သိရှိထားဖို့ လိုသည်။ HVAC engineer တစ်ယောက်အနေဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်မည့်သူများအနေနဲ့ psychrometric သဘော တရားများကို ကောင်းစွာ နားလည်သဘောပေါက်ထားဖို့လိုသည်။ ထို့အတူ psychrometric chart ကိုလည်း ကောင်းကောင်းကြည့်တတ်၊အသုံးချတတ်ဖို့လိုအပ်သည်။ ဤအခန်းကိုလေ့လာပြီးပါက သင်သည် psychrometric သဘောတရားများကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားမည် ဖြစ်သည်။

PDF (စာမျက်နှာ ၄၅ မျက်နှာ) ကို ဒေါင်းလုပ် ပြုလုပ်၍ လေ့လာပါ။


Unit (2) Understanding of Basic Refrigeration Cycle

ဤ ယူနစ်ကို လေ့လာခြင်းဖြင့် သင်သည် refrigeration system တစ်ခုကို လေ့လာရာတွင် မသိမဖြစ်သည့် အခြေခံအကျဆုံး နှင့် အရေးအပါဆုံးဖြစ်သည့် သဘောတရားများကို ကောင်းစွာနားလည်သွားမည် ဖြစ်သလို refrigeration system တစ်ခု မည်ကဲ့သို့အလုပ်လုပ်သည် ဆိုတာကို ရှင်းလင်းစွာ သဘောပေါက်သွားမည် ဖြစ် သည်။

ဤအခန်းတွင် အောက်ပါ အကြောင်းအရာများ ပါဝင်သည်။

(1) Understanding of Sensible Heat, Latent Heat, Saturation, Subcool and Superheat

Lecture video (ကြာချိန် ၁၉း၁၄ မိနစ်)

(2) Understanding of Basic Refrigeration Cycle

Lecture video (ကြာချိန် ၀၉း၅၆ မိနစ်)

(3) Understanding of P-H Diagram

Lecture video (ကြာချိန် ၁၆း၂၆ မိနစ်)


Unit (3) Refrigerants

Cooling engineer (သို့) refrigeration engineer တစ်ယောက် အနေနဲ့ ပီပီပြင်ပြင် အလုပ်လုပ်နိုင်စေဖို့ ဆို လျင် refrigerant ၏ အကြောင်းကို ကောင်းစွာ နားလည်သဘောပေါက်ထားဖို့ လိုသည်။ ၎င်းတို့၏ ဂုဏ်သတ္တိ များကို သိရှိထားမှသာ မိမိ၏ system အတွက် သင့်လျော်သော refrigerant ကို ရွေးချယ်နိုင်မည် ဖြစ်သလို၊ service and  trouble-shooting ပြုလုပ်ရာတွင်လည်း မှန်ကန်သည့်တွက်ဆ၊ ချိန်ဆမှုများကို ပြုလုပ်နိုင်မည် ဖြစ်သည်။ ထို့အတူ အရေးအကြီးဆုံးဖြစ်သည့် safety နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိ လိုက်နာနိုင်မည် ဖြစ်သည်။

ဤအခန်းတွင် အောက်ပါ အကြောင်းအရာများ ပါဝင်သည်။

(1) Understanding of Refrigerants

Lecture video (ကြာချိန် ၂၃း၁၆ မိနစ်)

(2) Learning the Behavior of Single and Blend Refrigerants on PH Diagram

Lecture video (ကြာချိန် ၀၅း၁၄ မိနစ်)

(3) ODP and GWP

Lecture video (ကြာချိန် ၁၂း၁၂ မိနစ်)

(4) Safety Classification of Refrigerants

Lecture video (ကြာချိန် ၀၉း၀၃ မိနစ်)

(5) Temperature Class and Retrofit

Lecture video (ကြာချိန် ၀၆း၀၉ မိနစ်)


Unit (4) Chillers

Chiller သည် cooling machine တစ်ခု ဖြစ်သည်။ Chiller အကြောင်းကို သိဖို့ဆိုလျင် ၎င်းတွင်ပါဝင်သော အဓိက components များ ဖြစ်သည့် compressor, evaporator နှင့် condenser များ၏အကြောင်းကို လေ့လာဖို့ လိုသည်။ Compressor type, chilled water system, direct expansion system, water-cooled, air-cooled စသည့် အကြောင်းအရာများကို ဤသင်ခန်းစာတွင် ရှင်းလင်းစွာ နားလည်စေရန် ဖော်ပြထားသည်။

(1) Overview of Chillers

Lecture video (ကြာချိန် ၁၉း၄၇ မိနစ်)

(2) Hands-on Explanation about Screw Chiller

Lecture video (ကြာချိန် ၂၆း၁၁ မိနစ်)


Unit (5) Air Handling Unit – AHU

AHU များကို centralized system အတွက် အဓိက အသုံးပြုသည်။ Centralized system ဆိုသည်မှာ AHU တစ်လုံး (သို့) တစ်လုံးထက် ပိုသော system တစ်ခုမှ levels အများအပြားတွင် ရှိနေသော အခန်းများကို serve လုပ်ခြင်းအား ဆိုလိုသည်။ Control သည်လည်း centralized control system ဖြစ်သည်။ အခန်းအားလုံးသို့ AHU မှ တသတ်မတ် တည်းသော temperature ဖြင့် serve လုပ်သည်။ ထို temperature ကို individually လိုချင်သလို ချိန်ညှိ၍ မရနိုင်ပါ။

သမားရိုးကျ AHU တစ်လုံးသည် section များဖြင့် ဖွဲ့စည်းထားပြီး ထို sections များကို ယူနစ် တစ်ခု အနေနှင့် ဖြစ်အောင် assembly လုပ်ထားခြင်း ဖြစ်သည်။ ၎င်းတို့မှာ mixing section, coil section, fan section တို့ ဖြစ်သည်။

ဤသင်ခန်းစာတွက် အောက်ပါ အကြောင်းအရာများ ပါဝင်သည်။

(1) AHU

Lecture video (ကြာချိန် ၂၄း၁၄ မိနစ်)

(2) Chilled Water Cooling Coil

Lecture video (ကြာချိန် ၂၄း၂၄ မိနစ်)

(3) Direct Expansion Cooling Coil

Lecture video (ကြာချိန် ၁၃း၁၁ မိနစ်)

(4) Face Area, Air Velocity, and Bypass Factor

(5) Water Velocity in Tube

(6) Draw-Through and Blow-Through Arrangement

(7) Air Filters

Lecture video (ကြာချိန် ၃၄း၅၆ မိနစ်)

(8) Fan in AHU

Lecture video (ကြာချိန် ၂၁း၁၆ မိနစ်)

(9) Mist Eliminator

Lecture video (ကြာချိန် ၂၂း၂၂ မိနစ်)

(10) UV System in AHU

(11) Pressure Differential Indicator, Transmitter and Switch at AHU

(12) Drain System for AHU


Unit (6) Dampers

HVAC system တွင်အသုံးပြုသော damper များမှာ volume control damper (VCD), non-return damper (NRD), pressure relief damper (PRD), shut off damper (SOD), fire damper (FD) နှင့် modulating damper တို့ဖြစ်သည်။ ၎င်းတို့ကို ductwork ၏ အစိတ်အပိုင်း တစ်ခုအနေနှင့် သတ်မှတ်ထားကြသည်။ Equipment များ ဖြစ်ကြသည့် AHU, SCU, FCU စသည်တို့ကို မှာသောအခါ အဆိုပါ damper များကို တစ်ခါတည်း တပ်ပေးလိုက်ကြသည်လည်း ရှိသည်။ ဤသင်ခန်းစာတွင် အဆိုပါ damper များအကြောင်းကို ကောင်းစွာ နားလည်သဘောပေါက်စေရန် အတွက် ရှင်းပြထားသည်။

(1) Volume Control Damper (VCD)

Lecture video (ကြာချိန် ၁၇း၂၆ မိနစ်)

(2) Non-return Damper (NRD) & Pressure Relief Damper (PRD)

Lecture video (ကြာချိန် ၁၆း၀၂ မိနစ်)

(3) Shut-off Damper (SOD), Parallel & Opposed Blade Action

Lecture video (ကြာချိန် ၁၈း၄၉ မိနစ်)

(4) Pneumatic Fire Damper

Lecture video (ကြာချိန် ၂၈း၂၅ မိနစ်)

(5) Electric Fire Damper

Lecture video (ကြာချိန် ၂၁း၀၆ မိနစ်)

(6) Modulating Damper

Lecture video (ကြာချိန် ၂၅း၂၉ မိနစ်)

(7) Understanding of EN1751 for Damper Leakage Test

Lecture video (ကြာချိန် ၁၉း၁၆ မိနစ်)

(8) Damper Blade


Unit (7) Supply and Extract Devices

Supply and extract devices များဆိုသည်မှာ system တစ်ခု၏ supply air ကို space တစ်ခုဆီသို့ ဖြန့်ဖြူးပေးရန်၊ system ၌ ပြန်လည်အသုံးပြုမည့် လေကို space တစ်ခုမှ စုပ်ယူပေးရန်နှင့် ပြန်လည် အသုံးမပြုတော့ပဲ အပြင်သို့ စွန့်ပစ်မည့်လေကို space တစ်ခုမှ စုပ်ယူပေးရန်အတွက် အသုံးပြုသည့် air terminals များကို ခေါ်သည်။ အဓိက အားဖြင့် supply air duct, return air duct နှင့် exhaust air duct တို့ဖြင့် ဆက်သွယ်ထားသည့် devices များ ဖြစ်သည်။ အဆိုပါ devices များတွင် diffuser များ၊ grille များ၊ nozzle များ၊ punkah louver များ ပါ၀င်သည်။ ဤသင်ခန်းစာတွင် အဆိုပါ devices များအကြောင်းကို ကောင်းစွာ နားလည်သဘောပေါက်စေရန် အတွက် ရှင်းပြထားသည်။

(1) 4-way Diffuser and Sizing

(2) Grilles and Sizing

(3) Hands-on Explanation about Single and Double Deflection Grilles

Lecture video (ကြာချိန် ၀၃း၄၅ မိနစ်)

(4) Punkah Louvre & Air Nozzles

(5) Recommended Velocities for Supply and Extract Devices

(6) Exhaust Louver and Sizing


Unit (8) Ductwork

Ductwork ဆိုသည်မှာ air-conditioning or mechanical ventilation system တစ်ခုတွင် ပါ၀င်သော air ducts, fittings, hangers, supports စသည့် အရာအားလုံးပါ၀င်သည်။ ဤသင်ခန်းစာတွင် ducting and fitting များအကြောင်း ပါဝင်သည်။

(1) Circular Ducts & Fittings

(2) Flexible Ducts

(3) Rectangular Ducts & Fittings

(4) Acoustic Ducts

(5) Inspection Doors

(6) SMACNA and HVCA Standards for Air Ducts

(7) Duct Thermal Insulation

(8) Minimum Insulation Thickness Calculation to Prevent Surface Condensation

(9) Duct Leakage Test Procedure


Unit (9) Instruments in AC System (Air Side)

AHU, FCU, SCU (PU) စသည့် equipment များနှင့် တွဲ၍ အသုံးပြုသော Instruments များ (အသုံးများသည့် အရာများ) ကို ရှင်းပြထားပါသည်။ ဤအရာများကို ဘာကြောင့်လိုသည်၊ ၎င်းတို့ကို မည်ကဲ့သို့ အသုံးချသည် ဆိုတာကို ဤ သင်ခန်းစာအား လေ့လာပြီးပါက သဘောပေါက်သွားလိမ့်မည် ဖြစ်သည်။

(1) Temperature Transmitters

Lecture video (ကြာချိန် ၁၅း၂၁ မိနစ်)

(2) Pressure Indicator, Pressure Transmitter and Pressure Switch

Lecture video (ကြာချိန် ၁၃း၁၇ မိနစ်)

(3) Air flow switch

Lecture video (ကြာချိန် ၆း၄၅ မိနစ်)


Unit (10) Equipment, Valves and Instruments in Chilled Water System

Chilled water system တွင် အသုံးပြုသော valves and instruments များမှာ များပြားလှသည်။ ဤသင်ခန်းစာတွင် chilled water system ၌ အသုံးများသော valves and Instruments များ အကြောင်းကို ရှင်းပြထားပါသည်။ Unit (11 & 12) ရှိ P&ID (Chilled water system) အကြောင်းကို လေ့လာရာတွင် ကောင်းစွာ နားလည်သဘောပေါက်စေရန် အတွက် များစွာ အထောက်အကူပြုမည့် သင်ခန်းစာ ဖြစ်သည်။

(1) Equipment in Chilled Water System

Lecture video (ကြာချိန် ၂၆း၀၄ မိနစ်)

(2) Valves and Instruments in Chilled Water System

Lecture video (ကြာချိန် ၃၂း၃၂ မိနစ်)


Unit (11) Understanding Power Supply and Electric Signals Required for AHU

Chilled water AHU တစ်လုံးတွင် ပါဝင်သော equipment, 3-way control valve and instruments များ အတွက် လိုအပ်သော power supply and electric signals များ အကြောင်းကို ရှင်းပြထားပါသည်။ ဤသင်ခန်းစာကို လေ့လာပြီးပါက AHU control panel နှင့် AHU ကြားမှ electrical connection အကြောင်းကို နားလည်သွားပါလိမ့်မယ်။ Cable size များကိုတော့ မလိုအပ်၍ ဖော်ပြထားခြင်း မရှိပါ။

ဤသင်ခန်းစာများတွင် အသုံးပြုထားသော Diagram နှင့် ပုံ များသည် တကယ့် project များမှ ပုံနဲ့ diagram များ ဖြစ်သည်။

Lecture video (ကြာချိန် ၁၆း၁၈ မိနစ်)


Unit (12) Understanding Diagrams in AC System

ဤသင်ခန်းစာတွင် Ducting and Instrumentation Diagram, Piping and Instrumentation Diagram (chilled water system) နှင့် Piping and Instrumentation Diagram (DX system) တို့အကြောင်းကို နားလည်စေရန် ရှင်းပြထားသည်။ ဤသင်ခန်းစာကို လေ့လာပြီးပါက AC system အတွက် အဆိုပါ diagram များကို ကြည့်သည့်အခါ မည်သည့်အတွက် ၎င်းတို့ကို ထည့်ထားရသလဲ၊ ဘာကြောင့် ၎င်းတို့ လိုအပ်သလဲ ဆိုတာကို သဘောပေါက်သွားလိမ့်မည် ဖြစ်သည်။

ဤသင်ခန်းစာများတွင် အသုံးပြုထားသော Diagrams နှင့် ပုံများ အားလုံးသည် တကယ့် projects များ၌ အသုံးပြုခဲ့ပြီး ဖြစ်သော as-built diagrams များ နှင့် ပုံများ ဖြစ်သည်။

(1) Understanding D&ID

Lecture video (ကြာချိန် ၂၂း၁၆ မိနစ်)

(2) Understanding P&ID (Chilled Water System)

Lecture video (ကြာချိန် ၄၁း၅၈ မိနစ်)

(3) Understanding P&ID (DX System)

Refrigeration circuit အကြောင်းကို ရှင်းပြထားသော ဗွီဒီယို ဖြစ်သည်။

Lecture video (ကြာချိန် ၂၂း၅၆ မိနစ်)