Air Flow Switch Function Test

Duct heater တစ်လုံးမှာ တပ်ဆင်ထားတဲ့ air flow switch တစ်လုံးရဲ့ function ကို test လုပ်နေခြင်း ဖြစ်ပါတယ်။ Differential pressure ကို အခြေခံပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။ Equipment protection (ဒီနေရာမှာ heater ပေါ့) အနေနဲ့ အသုံးပြုသလို အခြား control function အတွက် interlock အနေနဲ့လည်း အသုံးပြုပါတယ်။

Switch ဆိုတာ indicator မဟုတ်သလို၊ data transmit လုပ်ပေးတဲ့ transmitter တွေလိုလဲ မဟုတ်ပါဘူး။ သူ့ရဲ့ function က On/Off ပါပဲ။ အခု သုံးထားတဲ့ ရည်ရွယ်ချက် ဆိုရင် air flow မရှိရင် (sense လုပ်လို့ မရရင်) power cut out လုပ်ဖို့ပါပဲ။ safety device အနေနဲ့ အသုံးပြုထားခြင်း ဖြစ်ပါတယ်။

အခု simulation ပြုလုပ်ထားပုံကတော့ duct fan တစ်လုံးနဲ့ စမ်းသပ်ထားတာပါ။ Fan နဲ့ ချိတ်ဆက်လိုက်လို့ air flow ရှိတဲ့ အခါ အလုပ်လုပ်ကြောင်း သိနိုင်အောင် မီးလုံး အဖွင့်/အပိတ် နဲ့ simulation လုပ်ထားတာပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *