Airflow Check with U-tube Manometer

ပြထားတဲ့ ပုံတွေက AHU functional test လုပ်ထားတဲ့ ပုံတွေပါ။ အဓိက ပြောချင်တာက U-tube manometers တွေပါ။ Pressure measurement method တွေကတော့ အများကြီး ရှိပါတယ်။ ဒီ test မှာတော့ manometers တွေကို သုံးထားလို့ အရင်တင်ခဲ့ဖူးတာတွေနဲ့ အနည်းငယ် ကွဲပြားမှု ရှိနေပါတယ်။

ပုံထဲမှာ U-tube manometer နှစ်ခုကို တွေ့ရမှာ ဖြစ်ပြီး ဘယ်ဖက်က တစ်ခုက intake damper အတွက်ဖြစ်ပြီး ညာဖက်က တစ်ခုကတော့ fan ရဲ့ အဝင်/အထွက် ကို connect လုပ်ထားပါတယ်။ အဝင်ကိုတော့ AHU casing အတွင်းထဲမှာပဲ ဒီအတိုင်း ထိုးထားတာပါ။ နောက်တစ်ခုကိုလဲ casing မှာ ထိုးလို့ရပေမယ့် plug fan နဲ့ discharge (casing) မှာ ရှိတဲ့ အပေါက်မှာ connect လုပ်ထားပါတယ်။

U-tube manometer ရဲ့ liquid column ကို ကြည့်ပါ။ Intake damper အတွက် tube သည် တစ်ဖက်ကို atmospheric pressure သို့ ဖွင့်ထားသည့် အတွက် connection မရှိပါ။ အခြားတစ်ဖက်ကို after damper မှာ tap လုပ်ထားပါတယ်။

Internal pressure ကို မေ့ထား၍ external static pressure မည်မျှ ရအောင် ပြုလုပ်ထားပါသလဲ…?

Fan ရဲ့ အဝင်/အထွက် pressure ကို liquid column တွင် တွေ့နိုင်ပြီး မည်သည့်ဖက်က ပိုများသလဲ ဆိုတာ သိနိုင်သည်။ ပိုများတာက Negative pressure လား ? Positive pressure လား….

ကြည့်ရတာ ပိုရှင်းအောင် အနီးကပ် ပြထားသည်။ ဆိုတော့ supply side မှာ ဘယ်လောက်ရှိပါသလဲ….? …..Supply side အတွက် system resistance မည်မျှ အထိသာ လက်ခံနိုင်မလဲ…?

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *