Calibration for Instruments and Measuring Devices

Instruments, measuring devices တွေရဲ့ accuracy နဲ့ reliability ရှိမှုအတွက် laboratory တွေမှာ calibration ပြုလုပ်ကြရတယ်။ HVAC system အတွက် အသုံးပြုတဲ့ instruments တွေအများအပြား ရှိတဲ့ အတွက် thermometer, pressure gauge တွေကစလို့ transmitters, flow switch စတာတွေကိုလည်း calibration ပြုလုပ်ကြရတယ်။ ထို့အပြင် FAT (Factory Acceptance Test) နဲ့ commissioning ပြုလုပ် ရာ၌ စမ်းသပ် တိုင်းတာရာတွင် အသုံးပြုသည့် meters တွေကိုလည်း calibration ပြုလုပ်ထားမှ inspector များမှ လက်ခံလေ့ရှိသည်။

ဒါဟာ common practice ဖြစ်တဲ့အတွက် လူတိုင်းနီးပါး ပြုလုပ်လေ့ရှိပါတယ်။ Calibration ပြုလုပ်ထား တဲ့ devices တွေရဲ့ ရှေ့မျက်နှာပြင်၌ သော်လည်းကောင်း၊ ကျောဖက်၌ သော်လည်းကောင်း label (or) sticker ကပ်ထားတာကို တွေ့နိုင်ပါတယ်။ Label မှာ calibration လုပ်တဲ့ date ကိုသာ ဖော်ပြထားတာ ရှိသလို မည်သည့်အချိန်အထိ valid ဖြစ်သည် ဆိုတာကိုလည်း ရေးထားတာကို တွေ့ရနိုင်ပါတယ်။ ပုံမှန် အားဖြင့် တစ်နှစ်ကြာလျင် calibration ပြန်လုပ်လေ့ရှိသည်။ ထို့ကြောင့် valid until ဆိုသည်ကို ရေးထား လေ့ရှိသည်။

အကယ်၍ date တစ်ခုသာ ရေးထားလျင်လည်း ၎င်း date သည် calibration ပြုလုပ်သည့် date ဖြစ်သည် ဆိုတာကို နားလည်ရမည်။ ဟိုတလောက Fire damper FAT တစ်ခုလုပ်တော့ မီတာ မှာ ရေးထားတာက 25-9-2020 တစ်ခုပဲ ပါတယ် English လို။ Manufacturer က Korea က ဆိုတော့ ကျန်တာတွေက ကိုရီးယားလို ရေး ထားတယ်။ Owner ဖက်က တစ်ယောက်က expire ဖြစ်ပါပြီ ဆိုပြီး ထပြောလို့ ရှင်းရ သေးတယ်။ ပုံမှာ ပြထားပါတယ်။

အဲဒီတော့ calibration ပြန်လုပ်ရမယ့် interval ကို ဘယ်လို သတ်မှတ်သလဲ ဆိုတာ စဉ်းစားစရာ ရှိလာ တယ်။ ဒါနဲ့ ပတ်သက်လို့ ISO/IEC 17025 “General requirements for the competence of testing and calibration laboratories” ရဲ့ section 7.8.4.2 မှာ အောက်ပါအတိုင်း ဖော်ပြထားတယ်။

A calibration certificate or calibration label shall not contain any recommendation on the calibration interval, except where this has been agreed with the customer.

Calibration certificate (သို့) calibration label (sticker) မှာ နောက်တစ်ကြိမ် ပြုလုပ်ရမယ့် ရက်ကို ဖော်ပြထားခြင်း မပြုရဟု အဓိပ္ပါယ် ရပါတယ်။ ဆိုလိုချင်တာကတော့ laboratory က ထွက်သွားတာနဲ့ ၎င်းတို့ရဲ့ control အောက်မှာ မရှိတော့ပဲ အသုံးပြုသူ အပေါ်မှာမူတည်တဲ့အတွက် ဖြစ်ပါတယ်။ အသုံးပြုသည့် အကြိမ် အရေအတွက်၊ ကောင်းမွန်စွာ အသုံးပြုမှုနဲ့ ထိန်းသိမ်းမှု စတာတွေကြောင့်လို့ ယူဆရပါတယ်။

သို့သော် calibration certificate တွေမှာတော့ recommended date ကို ရေးထားကြတာကို ကျွန်တော် မကြာခဏ တွေ့ဖူးပါတယ်။ အဲလိုရေးထားတော့ laboratory တွေမှာလည်း တစ်နှစ် တစ်ခါတော့ အလုပ်ရ တာပေါ့။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *