Comparison of Refrigerants (R22 Vs R407C Vs R410A Vs R32)

R407C Vs R22

Bitzer ရဲ့ Refrigerant Report 21 တွင် ဖော်ပြထားသည့် အချက်များကို ကိုးကား၍ တင်ပြပေးခြင်း ဖြစ်ပါသည်။

R407C ကို R22 ၏ နေရာတွင် အစားထိုးအသုံးပြုနေသည်မှာ ကြာပြီ ဖြစ်သည်။ R407C ၏ GWP သည် AR-5 (5th Assessment Report) အရ 1624 ရှိပြီး EU ၏ F-Gas Regulation ဖြစ်သည့် 2020 ခုနှစ်မှ စ၍ GWP < 2500 ရှိသည့် refrigerants များကိုသာ ခွင့်ပြုတော့မည် ဆိုသည့် requirement နှင့်လည်း ကိုက်ညီနေသည်။

R407C သည် blend ဖြစ်သည့်အတွက် temperature glide ရှိသည်။ ဆိုလိုသည်မှာ R407C တွင် refrigerant (3) မျိုး ပေါင်းစပ်ထားသည့် အတွက် အဆိုပါ components များ၏ boiling point များမှာ တူညီမှု မရှိခြင်းကို ဆိုလိုသည်။

R407C (100%) = R32 (23%) + R125 (25%) + R134a (52%)

R407C ၏ composition သည် အထက်ပါ အတိုင်း ဖြစ်၍ R134a ပါဝင်မှု အများဆုံး ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုကဲ့သို့ R134a proportion များနေမှုကပင် R407C သည် low temperature application အတွက် သိသာသည့် refrigeration capacity ကျဆင်းမှုကို ဖြစ်စေပြီး COP လည်း ထို့အတူပင်ဖြစ်သည်။ သို့သော် medium temperature application ဖြစ်သည့် air-conditioning and heat pump system အတွက်တော့ ကောင်းမွန်မှု ရှိတာကို တွေ့ရသည်။

R407C နှင့် R22 တို့၏ နှိုင်းယှဉ်ချက်ကို Graph-1 တွင် ကြည့်ပါ။ Dark pink colour သည် refrigeration capacity ကို ဆိုလို၍ Green colour သည် COP (Coefficient of Performance) ကို ဆိုလိုသည်။ Evaporation temperature 0°C ၏ ညာဖက်ကို သွားသည့် ပန်းရောင်လိုင်းကို ကြည့်ပါက refrigeration capacity ပိုများလာ သည်ကို တွေ့ရမည် ဖြစ်ပြီး ၎င်းသည် AC application အတွက် R407C က R22 ထက် ပို၍ ကောင်းမွန်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ COP အတွက်မူ Evaporation temperature များလေ ကျဆင်းလေ ဖြစ်တာကို တွေ့ရသည်။ R22 ကို မည်သည့်နေရာတွင်မှု ယှဉ်နိုင်ခြင်း မရှိပေ။

Pressure-Temperature curve ကို ကြည့်လျင် positive temperature များအတွက် R407C က ပို၍ မြင့်တာကို တွေ့ရမည် ဖြစ်သည်။


R410A Vs R22

R410A သည် blend ဖြစ်သော်လည်း ၎င်း၏ temperature glide သည် 0.2K ထက်ပင် နည်းသည့်အတွက် near-azeotropic mixture ဟု ခေါ်ပြီး behaviour သည်လည်း single substance ကဲ့သို့ပင် ပြုမူသည်။

R410A (100%) = R32 (50%) + R125 (50%)

R410A ၏ GWP သည် AR-5 အရ 1924 ရှိသည်။

မြင့်မားသည့် condensing temperature ၌ energy consumption (သို့) COP သည် R22 ကို ယှဉ်နိုင်ခြင်း မရှိပေ။ အဓိက အချက်သည် thermodynamic properties များကြောင့် ဖြစ်သည်။ P-T chart ကို ကြည့်ပါက condensing temperature 43°C ခန့်တွင် 26 bar (abs.) ခန့် ရှိနေခြင်းသည် high pressure level ကို ပြနေပြီး system components များအတွက် ဤအချက်ကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။


R32 Vs R410A

R32 သည် HFC group တွင် ပါဝင်ပြီး single substance ဖြစ်သည်။ အစောပိုင်း ကာလများတွင် ၎င်းကို refrigerant blends များ ထုတ်လုပ်ရန် အတွက် component အဖြစ်သာ အဓိက အသုံးပြုခဲ့သည်။ ယခုတွင်တော့ air-conditioner များတွင် R32 အမျိုးအစားများကို တွေ့လာကြပြီ ဖြစ်သည်။

R410A သည် A1 group ဖြစ်သည့်အတွက် safe ဖြစ်သော်လည်း R32 သည် အနည်းငယ် flammable ဖြစ်သောကြောင့် A2L group တွင် ပါဝင်သည်။ ထို့ကြောင့် refrigerant charge limitation နှင့်  additional safety measures များ ရှိဖို့ လိုအပ်သည်။ ထို့အပြင် R32 ၌ မြင့်မားသည် high pressure level နှင့် discharge gas temperature ရှိသည်။ တစ်ဖက်မှ ကြည့်သော် R32 ၌ ပိုမိုကောင်းမွန်သော thermodynamic properties များ ရှိနေသည်။ ဥပမာ – very high evaporating enthalpy and volumetric refrigerating capacity, low vapour density, low mass flow, lower power consumption နှင့် lower GWP (675) တို့ ဖြစ်သည်။

R410A နှင့် R32 ကို နှိုင်းယှဉ်ထားသည့် graph ကို ကြည့်ပါ။ Refrigerating capacity နှင့် COP သည် R410 ထက် သာလွန်နေတာကို တွေ့ရမည် ဖြစ်သည်။ R32 ၏ Condensing pressure သည် R410A ထက် အနည်းငယ်သာ သာလွန်သော်လည်း discharge gas temperature တွင်တော့ သိသိသာသာ များနေသည်ကို တွေ့ရသည်။


Reference: Refrigerant Report 21 (Bitzer)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *