Cooling and Dehumidification Process

ပူနွေးသော လေသည် အေးသော coil ကို ဖြတ်သန်းသွားသောအခါ အေးလာပြီး relative humidity (RH %) တက်လာသည်။ သီအိုရီ အရ ၈၅% ခန့်သို့ ရောက်သည်အထိ ဤ အတိုင်း ဖြစ်ပေါ်နေပြီး ၈၅% ကျော်လာသော အခါ curve အတိုင်း saturation curve အနားမှာအောက်သို့ ဆင်းလာသည်ဟု ဆိုသည်။

ဤဖြစ်စဉ်ကို အဓိက အားဖြင့် counterflow coil arrangement များမှာ တွေ့ရမှာ ဖြစ်သည်။ Counter flow arrangement ဆိုသည်မှာ ၀င်လာသောလေ ပထမဆုံး စတွေ့ရမည်မှာ ရှေ့၌ အပူဖလှယ်ပြီးသား ဖြစ်သွား၍ အနည်းငယ် နွေးလာသော chilled water (သို့) refrigerant နှင့် ဖြစ်ပြီး၊ လေသည် ရှေ့သို့ တိုးလာလေ ပို၍ အေးသော chilled water (သို့) refrigerant နှင့် တွေ့လေလေ ဖြစ်ခြင်း ကို ဆိုလိုသည်။

အထက်ပါ ပုံကို ကြည့်ပါက process line နှစ်ခုကို တွေ့ရမှာ ဖြစ်သည်။ ၎င်းတို့ကို coil process line ဟု ခေါ်သည်။ Line 1 သည် straight line ဖြစ်၍ psychrometric chart ပေါ်တွင် statepoints များကို manually plot ချသည့် အခါ တွေ့ရမည့် လိုင်း ဖြစ်သည်။ Line 2 သည် curve ဖြစ်၍ cooling coil ၌ အမှန်တကယ် ဖြစ်မည့် process line ဖြစ်သည်။ Manually အနေနှင့် ဤကဲ့သို့ curve ရရှိအောင် ဆွဲရန် လွယ်ကူမည် မဟုတ်သဖြင့် software ကို အသုံးပြုမှသာ တွေ့ရဖို့ များသည်။

Cooling coil မှ အမှန်တကယ် ထွက်သွားသော dry-bulb temperature ၌ ရှိမည့် relative humidity သည် coil သို့ ၀င် လာသော လေ၏ humidity ratio, number of coil rows, fin pattern and spacing, velocity of the air, velocity of the coolant (chilled water or refrigerant), log mean temperature difference of the entering and leaving coolant and the entering and leaving air တို့၏ အပေါ်တွင် မူတည်သည်။

Counterflow (cooling medium) ချင်း အတူတူ 4-row coil နှင့် 6-row coil, 6-row coil နှင့် 8-row coil တူမှာ မဟုတ်ပေ။ ယေဘုယျ အားဖြင့် 8-row coil ၌ RH% ပိုများမည် ဖြစ်သည်။ ဒုတိယ ပုံကို ဥပမာ အနေနှင့် ကြည့်၍ straight line နှင့် curve ဘာများ ကွာခြားသလဲ ဆိုတာ စဉ်းစားကြည့်မည် ဆိုပါက အများကြီး တွေ့နိုင်သည်။ ဤအထဲကမှ ဥပမာ အနေနှင့် pocess line တစ်လျှောက်၌ (Mixing point နှင့် Off-coil statepoint မပါ) ရေဖယ်ထုတ်မှု မတူညီခြင်း၊ same enthalpy ဖြစ်သော်လည်း DBT မတူညီခြင်းစတာတွေကို တွေ့ရမှာ ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *