Copper Tubes

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့ရများတဲ့ Copper tube တွေကို ASTM B88 နဲ့ JIS H3300 standard တွေရဲ့ requirements of specifications တွေအတိုင်း ထုတ်လုပ်ထားပါတယ်။ အားလုံးဟာ seamless tube (ဆက်ကြောင်း မပါသည့် tube) တွေ အတွက်ပါ။

ASTM B88 အတွက် minimum tensile strength ဟာ 250 N/mm² ဖြစ်ပြီး JIS H3300 အတွက်ကတော့ minimum tensile strength ဟာ 315 N/mm² ဖြစ်ပါတယ်။

ASTM B88 standard အရ ပြုလုပ်ထားတဲ့ Copper tube တွေမှာ အနည်းဆုံး 99.9% pure copper ပါဝင်ရ တယ်လို့ ဆိုပါတယ်။ Phosphorus နဲ့ deoxidization လုပ်ထားတဲ့ အတွက် DHP (Deoxidized High Phosphorus (DHP) Copper လို့ ခေါ်ပါတယ်။

Copper tube types တွေကို K, L, M ဆိုပြီး အဓိက (၃) မျိုးတွေ့နိုင်ပါတယ်။ ASTM B88 standard အရ ပြုလုပ်ထားတဲ့ Copper tube တွေရဲ့ actual outside diameter ဟာ standard size designation ထက် 1/8” ပိုကြီးပါတယ်။ အထက်ဖော်ပြပါ types (၃) မျိုးမှာ မတူညီတဲ့ wall thickness တွေ ရှိကြပြီး type “K” ဟာ အထူဆုံး ဖြစ်ပြီး type “M” ဟာ ဒီ (၃) မျိုးထဲမှာ အပါးဆုံး ဖြစ်ပါတယ်။ AC&R (Air-conditioning and Refrigeration) application တွေ အတွက် recommended type ဟာ type “L” ဖြစ်ပါတယ်။ Type K, L, M (၃) မျိုးရဲ့ sizes တွေကို ဖော်ပြပေးထားပါတယ်။

untitled image

Temper ဆိုတဲ့ အသုံးအနှုန်းဟာ tube တွေရဲ့ strength (ခံနိုင်အား) နဲ့ hardness (မာကျောမှု) ကို ရည်ညွှန်းတဲ့ term တစ်ခု ဖြစ်ပါတယ်။ Piping နယ်ပယ်မှာ draw and anneal ဆိုတာကို တွေ့ရမှာ ဖြစ်ပြီး drawn temper tube တွေကို “hard” tube အနေဖြင့် ရည်ညွှန်းပြီး annealing ပြုလုပ်ထားတဲ့ tube တွေကိုတော့ “soft” tube အဖြစ် ရည်ညွှန်းပါတယ်။

Hard tube တွေကို soldering (or) brazing နည်းဖြင့် ဆက်ကြပြီး Soft tube တွေကိုတော့ flare type (or) compression fittings တွေကို အသုံးပြုပြီး ဆက်ကြပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *