Design Pressures at Low Pressure Side and High Pressure Side

Provision Stores and Air-Conditioning Installations နဲ့ သက်ဆိုင်တဲ့ design pressures များကို LIoyd Register ရဲ့ Rules and Regulations for the Classification of Ships, July 2016 version မှာ တွေ့ရတဲ့ အတွက် ကိုးကားနိုင်ရန် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။ အင်မတန် အသုံးဝင်တဲ့ information ဖြစ်ပါတယ်။ 

Refrigeration system တစ်ခုမှာ high side and low side ဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ်။ High side ဟာ condensing pressure (head pressure) ဖြစ်ပြီး low side ဟာ evaporating pressure ဖြစ်တယ်လို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ အနည်းငယ် ဖြစ်ပေါ်နိုင်တဲ့ line pressure drop များကို ထည့်မတွက်ပဲ ပြောကြမယ် ဆိုရင် compressor အထွက်ကနေ expansion valve အဝင် အထိကို high side လို့ သတ်မှတ်ပြီး evaporator အထွက်ကနေ compressor အဝင် အထိကို low side လို့ သတ်မှတ်ပါတယ်။ 

Equipment (chiller or condensing unit) တွေကို pressure test လုပ်တဲ့ နေရာမှာ low side and high side ဆိုပြီး ခွဲခြားကာ test လုပ်လေ့ ရှိပါတယ်။ ဒါကို in-house test လို့ ခေါ်ပြီး client က တောင်းဆိုတယ် ဆိုရင် ဒီ report ကို certification အနေနဲ့ factory တွေက submit လုပ်လေ့ ရှိပါတယ်။ ဒီအထဲမှာ low side, high side test pressure တွေကို ဖော်ပြထားပါတယ်။ Testing medium, Hold period စသဖြင့်လည်း ဒီအထဲမှာ တွေ့နိုင်ပါတယ်။ 

System pressure အရ ဆိုရင် low side ဟာ အတော်လေး နိမ့်ပါတယ်။ Compressor ကို rating လုပ်လေ့ရှိတဲ့ return gas temperature +20°C ဆိုတာမျိုးတောင် saturated vapour pressure အနေနဲ့ဆို R22 အတွက် 8 bar (g) လောက်ပဲ ရှိပါတယ်။ ဒါက system pressure ကို ပြောတာပါ။ Evaporating pressure နဲ့ ဆိုရင်လည်း suction side အတွက်က ဘာမှ ရှိတာ မဟုတ်ပါဘူး။ AC system ဆိုရင် evaporating temp. ဟာ ပုံမှန်အားဖြင့် 5°C ဝန်းကျင် လောက်သာ ဒီဇိုင်း လုပ်လေ့ ရှိပါတယ်။ ဒါပေမယ့် system at rest ဆိုရင်တော့ surrounding temperatureကြောင့် pressure တက်လာနိုင်စရာ ရှိပါတယ်။ 

Max. working pressure လို့ ပြောရင် max. permissible pressure within the system ကို ပြောတာဖြစ်ပြီး ဒါက system operating လုပ်နေသည် ဖြစ်စေ၊ ရပ်နေတဲ့ အချိန်၌ ဖြစ်စေ ဖြစ်နိုင်တဲ့ pressure ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ 

LR မှာ ဖော်ပြထားချက်အရ system ရဲ့ low pressure side အတွက် design pressure ဟာ အသုံးပြုထားတဲ့ refrigerant ရဲ့ +46°C မှာ ရှိတဲ့ saturated vapour pressure ဖြစ်ရမယ်လို့ ဆိုပါတယ်။ 

High pressure side မှာ ရှိရမယ့် min. design pressure ဟာ ဆိုရင်တော့ compressor high pressure cut-out အတွက် allowance ဖြစ်တဲ့ pressure (Pb) ကို 1.11 နဲ့ မြှောက်ထားတဲ့ တန်ဖိုးလို့ ဆိုပါတယ်။ 1.11 x Pb ဖြစ်ပါတယ်။ ဒီ Pb တန်ဖိုးဟာ condenser working pressure (Pa) ကို 1.11 နဲ့ မြှောက်ထားတဲ့ တန်ဖိုးထက် မနည်းရဘူးလို့ ဆိုထားပြန်ပါတယ်။ ဆိုလိုတာက Pb = 1.11 Pa ပါ။

အောက်မှာ ဖော်ပြထားတဲ့ table ဟာ sea-water cooled condenser အတွက် Design pressure limits တွေ ဖြစ်ပြီး သက်ဆိုင်ရာ refrigerants တွေရဲ့ design pressure တွေဟာ ဒီတန်ဖိုး တွေထက် မနည်းရပါဘူး။ အခြား refrigerants တွေ အတွက် ဆိုရင်တော့ LR နဲ့ သဘောတူညီမှု ရယူရမယ်လို့ ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *