ဤ “Duct Sizing & Fan Selection” online course အတွက် သင်တန်းကြေး ၂၅,၀၀၀ ကျပ် (ကျပ် နှစ်သောင်းခွဲ) ပေးသွင်းဖို့ လိုအပ်ပါသည်။ သင်တန်းကြေး ပေးသွင်းပြီးပါက အကောင့် တစ်ခု (login ဝင်ရာတွင် အသုံးပြုမည့် အီးမေးလ်) နှင့် password ရမည် ဖြစ်ပြီး ၎င်းတို့ကို အသုံးပြု၍ login ဝင်ပြီးမှသာ အောက်တွင် ဖော်ပြထားသော သင်ခန်းစာ အားလုံးကို ဆက်လက် လေ့လာနိုင်မည် ဖြစ်သည်။ သင်တန်းကြေး (၂၅,၀၀၀ ကျပ်) သည် ဤ အောက်တွင် ဖော်ပြထားသော သင်ခန်းစာ များအတွက်သာ ဖြစ်ပါသည်။

Register ပြုလုပ်ရန် မလိုအပ်ပါ။ သင်တန်းကြေး ပေးသွင်းပြီးကြောင်းသာ အကြောင်းကြားရန် လိုပါသည်။

သင်ခန်းစာ များကို မြန်မာ ဘာသာဖြင့်သာ သင်ကြားပေးထားပါသည်။ (Myanmar language only used for all lectures)

ဤသင်ခန်းစာ အားလုံးအတွက် lecturer သည် ဆရာ အောင်မြတ်သူ ဖြစ်ပါသည်။ သူ့အကြောင်းကို သိရှိရန် ဤနေရာကို နှိပ်ပါ။


Duct system ၏ ရည်ရွယ်ချက်မှာ သတ်မှတ်ထားသည့် ဖိအား (total pressure) ၌ လိုအပ်သော လေပမာဏ ကို နေရာတစ်ခု (သို့) နေရာအသီးသီး၌ တပ်ဆင်ထားသော diffuser အသီးသီးသို့ ရောက်ရှိသွားနိုင်စေရန် ဖြစ်သည်။ မိမိ ဒီဇိုင်းလုပ်လိုက်သည့် duct layout နှင့် duct sizing သည် ရှိရမည့် noise limit အတွင်းရှိရန်နှင့် လေဖြန့်ဖြူးမှုကောင်းမွန်စေရန် ပုံမှန်မဟုတ်သည့် ချိန်ညှိမှုများ ပြုလုပ်ရန်မလိုသည့် ဒီဇိုင်းဖြစ်ရမည်။

Ductulator နှင့် duct sizer ကဲ့သို့ လွယ်ကူ မြန်ဆန်စွာ duct sizing ပြုလုပ်သည့် နည်းများ ရှိသော်လည်း duct design ကို ကောင်းစွာ နားလည် သဘောပေါက် စေရန်နှင့် duct sizing ကို နည်းစနစ် မှန်ကန်စွာ ပြုလုပ်နိုင်ရန်အတွက် ဤသင်ခန်းစာတွင် အသေးစိတ် ရှင်းလင်း သင်ကြားပေးထားသည်။ Duct sizing ပြုလုပ်ပြီးသည့်အခါ system total pressure loss ကို ပြုလုပ်၍ အကောင်းဆုံး ဖြစ်မည့် fan တစ်လုံးကို ရွေးချယ်နိုင်စေရန် အတွက်လည်း သင်ကြားပေးထားသည်။

အောက်ပါ duct sizing methods များကို ဉပမာ များနှင့်တကွ နားလည် သဘောပေါက်အောင် ရှင်းလင်းပေးထားသည်။

(1) Equal friction method

(2) Balanced-capacity method

(3) Constant velocity method

(4) Velocity reduction method

(5) Static regain method

ထို့နောက် fan sizing ပြုလုပ်ရန် အတွက် pressure loss calculation တွက်ချက်ပုံများကိုလည်း အသေးစိတ် ရှင်းလင်းပေးထားပါသည်။


Duct sizing သင်ခန်းစာများကို မလေ့လာမီ ရှိထားရမည့် material များနှင့် ASHRAE Duct Fitting Database Program အသုံးပြုပုံ

ASHRAE Duct Fitting Database နှင့် ASHRAE Handbook Fundamentals “duct design” အခန်းတွင် ပါ၀င်သော duct fitting coefficients သည် အတူတူဖြစ်သည်။ နှစ်ခုစလုံးရှိထားပါက အကောင်းဆုံးဖြစ်သည်။ အဆိုပါ reference နှစ်ခုတွင် မပါ၀င်သော fitting loss coefficients အချို့သည် SMACNA HVAC Systems Duct Design ၏ အခန်း (၁၄) Duct Design Tables and Charts တွင် ပါရှိသောကြောင့် ဖြစ်သည်။ SMACANA တွင် ဖော်ပြထားသော rectangular duct shape များသည် လက်တွေ့နှင့် ပိုမို နီးစပ်တာကို တွေ့ရမည် ဖြစ်သည်။

(1) HVAC Systems Duct Design (SMACNA)

(2) ASHRAE 2001 Fundamentals (Duct Design)

(3) ASHRAE 2017 Fundamentals (Duct Design)

(4) ASHRAE Duct Fitting Database Program

(5) ASHRAE Duct Fitting Database Program အသုံးပြုပုံ (instruction and lecture video file)


Unit (1) Initial Supply Air Velocity and Aspect Ratio Effect

ဤ ယူနစ်သည် duct sizing ပြုလုပ်ရာတွင် သိရှိရမည့် အကျိုးဆက် များကို ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်စေရန် အတွက် ရှင်းလင်းပေးထားခြင်း ဖြစ်သည်။ Designer တစ်ယောက်သည် on paper ၌သာ ဒီဇိုင်းပြုလုပ်ရန် တာဝန်ရှိသည် မဟုတ်ပဲ fabrication and installation ပြုလုပ်ရာတွင်လည်း အဆင်ပြေစေရန် အတွက် စဉ်းစား၍ ဒီဇိုင်းပြုလုပ်ဖို့ လိုသည်။ ထို့အတူ initial cost နှင့် operation cost impact များကိုလဲ သတိချပ်ရန် လိုသည်။ ဤသင်ခန်းစာတွင် ထိုအရာများကို သိရှိ၍ duct design ပြုလုပ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အရာများကို ပိုမိုတိကျ၊ ရှင်းလင်းစွာ နားလည် သဘောပေါက်လာအောင် အကူအညီ ပေးနိုင်လိမ့်မည် ဖြစ်သည်။

Lecture video (ကြာချိန် ၂၄း၁၈ မိနစ်)


Unit (2) Understanding of Duct Pressure Losses

ဤ ယူနစ်သည် duct sizing ပြုလုပ်ရာတွင် သိရှိရမည့် pressure losses များ အကြောင်းကို ကောင်းစွာ သဘောပေါက် နားလည်စေရန် အတွက် ရှင်းလင်းပေးထားခြင်း ဖြစ်သည်။ Straight duct များတွင် ဖြစ်ပေါ်သော friction loss, fitting များတွင် ဖြစ်ပေါ်သည့် dynamic loss နှင့် round to rectangular duct ကို ပြောင်းလဲရာတွင် စနစ်တကျ ပြောင်းလဲရန် အတွက် circular equavilents များ အကြောင်းကို လွယ်ကူစွာ နားလည်သဘောပေါက် စေရန် ရှင်းလင်းပေးထားပါသည်။

Lecture video (ကြာချိန် ၁၉း၀၇ မိနစ်)


Unit (3) Fan Inlet Condition

Fan inlet ၌ elbow တစ်လုံး မဖြစ်မနေတပ်ဆင်ဖို့လိုအပ်လာပါက ၎င်း elbow နှင့် fan ကြားတွင် straight duct တစ်ခုထားပေး ဖို့ လိုသည်။ အဆိုပါ inlet elbow သည်လည်း additional loss ကို ဖြစ်စေသည့် အတွက် ၎င်းကို fan total pressure သို့ ထည့်ပေါင်းပေးဖို့ လိုသည်။ ဤသင်ခန်းစာ၌ inlet elbow effect နှင့် တွက်ချက်ပုံများကို နားလည်သဘောပေါက်အောင် ရှင်းလင်းပေးထားပါသည်။

Lecture video (ကြာချိန် ၁၀း၅၅ မိနစ်)


Unit (4) Fan Outlet Condition

Fan တစ်လုံး၏ outlet velocity သည် distance တစ်ခုကို မရောက်မချင်း တည်ငြိမ်မှု မရှိပေ။ Fan outlet မှနေ၍ uniform velocity distribution ဖြစ်သွားမည့် point အထိ လိုအပ်သည့် duct length ကို effective duct length ဟုခေါ်သည်။ Fan မှ ထုတ်လုပ်ပေးလိုက်သောစွမ်းအင်ကို အကောင်းဆုံးအသုံးချနိုင်ဖို့ရန်အတွက် fan outlet တွင် ဤ duct length ကိုတပ်ဆင်ပေးဖို့လိုသည်။ ဤအရာသည် duct sizing ပြုလုပ်ရာတွင် (သို့) fan ၏ total pressure loss တွက်ချက်ရာတွင် ထည့်သွင်းစဉ်းစား တွက်ချက်ဖို့ လိုသည်။ ဤသင်ခန်းစာ၌ fan outlet condition အကြောင်း နှင့် တွက်ချက်ပုံများကို နားလည်သဘောပေါက်အောင် ရှင်းလင်းပေးထားပါသည်။

Lecture video (ကြာချိန် ၁၈း၁၆ မိနစ်)


Unit (5) Duct Sizing by Equal Friction Method

ဤ method သည် duct system တစ်ခုလုံး အတွက် duct length 1m တိုင်း၌ ဆုံးရှုံးသွားသော ဖိအား (friction loss) ကို တူညီစေသည့်နည်း ဖြစ်သည်။ Equal friction method အတွက် design procedures များ နှင့် duct sizing ပြုလုပ်ပုံကို ဉပမာနှင့် တကွ ရှင်းပြထားပါသည်။ ဤသင်ခန်းစာတွင် အောက်ပါ အကြောင်းအရာများ ပါဝင်သည်။

သင်ခန်းစာဖိုင်ကို ဒေါင်းလုပ်ယူပါ။

(1) Understanding of Equal Friction Method

Lecture video (ကြာချိန် ၁၈း၃၈ မိနစ်)

(2) Duct Sizing Example (Supply Duct)

Lecture video (ကြာချိန် ၂၉း၅၃ မိနစ်)

(3) Duct Sizing Example (Return Duct)

Lecture video (ကြာချိန် ၂၅း၄၉ မိနစ်)

(4) Calculation Sheet (Excel)


Unit (6) Duct Sizing by Balanced-capacity Method

Balanced-capacity method ကို balanced pressure method အဖြစ် ရည်ညွှန်းထားပြီး ဖြစ်သည်။ သတ်မှတ်ထားသည့်နေရာအသီးသီးသို့ ရောက်ရှိသွားရမည့် လိုအပ်သည့် လေပမာ (air flow rate) သည် balanced ဖြစ်နေဖို့ ဆိုတာသည် ဤ method ၏ အဓိက အချက် ဖြစ်သည်။ Balanced-capacity method အတွက် design procedures များ နှင့် duct sizing ပြုလုပ်ပုံကို ဉပမာနှင့် တကွ ရှင်းပြထားပါသည်။ ဤသင်ခန်းစာတွင် အောက်ပါ အကြောင်းအရာများ ပါဝင်သည်။

သင်ခန်းစာဖိုင်ကို ဒေါင်းလုပ်ယူပါ။

(1) Understanding of Balanced-capacity Method

Lecture video (ကြာချိန် ၁၇း၅၁ မိနစ်)

(2) Duct Sizing Example

Lecture video (ကြာချိန် ၂၉း၄၅ မိနစ်)

(3) Calculation Sheet (Excel)


Unit (7) Duct Sizing by Constant Velocity Method

ဤ method သည် duct section တစ်ခုချင်းဆီ၌ စီးဆင်းသော လေ၏ velocity ကို တူညီအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်။ ဤ method သည် low velocity system အတွက် သင့်တော်သည်။ Constant velocity method အတွက် design procedures များ နှင့် duct sizing ပြုလုပ်ပုံကို ဉပမာနှင့် တကွ ရှင်းပြထားပါသည်။ ဤသင်ခန်းစာတွင် အောက်ပါ အကြောင်းအရာများ ပါဝင်သည်။

သင်ခန်းစာဖိုင်ကို ဒေါင်းလုပ်ယူပါ။

(1) Duct Sizing by Constant Velocity Method

Lecture video (ကြာချိန် ၂၃း၁၁ မိနစ်)

(2) Calculation Sheet (Excel)


Unit (8) Duct Sizing by Velocity Reduction Method

Velocity reduction method သည် air flow rate ကိုလိုက်၍ velocity ကို တဖြည်းဖြည်းချင်း လျှော့ချသွားသည့်နည်း ဖြစ်သည်။ Velocity reduction method အတွက် design procedures များ နှင့် duct sizing ပြုလုပ်ပုံကို ဉပမာနှင့် တကွ ရှင်းပြထားပါသည်။ ဤသင်ခန်းစာတွင် အောက်ပါ အကြောင်းအရာများ ပါဝင်သည်။

သင်ခန်းစာဖိုင်ကို ဒေါင်းလုပ်ယူပါ။

(1) Duct Sizing by Velocity Reduction Method

Lecture video (ကြာချိန် ၂၃း၃၅ မိနစ်)

(2) Calculation Sheet (Excel)


Unit (9) Duct Sizing by Static Regain Method

Static regain method ကို supply air system အတွက်သာ အဓိကအသုံးပြုလေ့ရှိသည်။ ၎င်းသည် big capacity, high velocity, takeoffs အများအပြား ရှိသော long duct run နှင့် constant air volume system တို့အတွက် သင့်လျော်သော method ဖြစ်သည်။ Static regain method အတွက် design procedures များ နှင့် duct sizing ပြုလုပ်ပုံကို ဉပမာနှင့် တကွ ရှင်းပြထားပါသည်။ ဤသင်ခန်းစာတွင် အောက်ပါ အကြောင်းအရာများ ပါဝင်သည်။

သင်ခန်းစာဖိုင်ကို ဒေါင်းလုပ်ယူပါ။

(1) Understanding of Static Regain Method

Lecture video (ကြာချိန် ၂၁း၂၆ မိနစ်)

(2) Duct Sizing Example

Lecture video (ကြာချိန် ၁ နာရီ)

(3) Calculation Sheet (Excel)


Unit (10) Pressure Loss Calculation for Fan Sizing

Pressure loss calculation သည် fan တစ်လုံးကို sizing ပြုလုပ်ရာတွင် မဖြစ်မနေ ပြုလုပ်ရမည့် အလုပ်ဖြစ်သည်။ System resistances များကို overcome လုပ်နိုင်မည့် pressure ကို ထုတ်လုပ်ပေးနိုင်မည့် fan တစ်လုံး၏ total pressure ကို pressure loss calculation ကို perform လုပ်ပြီးမှသာ သိနိုင်မည် ဖြစ်သည်။ ဤသင်ခန်းစာတွင် အောက်ပါ အကြောင်းအရာများ ပါဝင်သည်။

သင်ခန်းစာဖိုင်များ (supply duct and return duct) ကို အောက်တွင် ဒေါင်းလုပ်ယူပါ။


(1) Pressure Loss Calculation (Supply Duct)

Lecture video (ကြာချိန် ၅၂း၂၇ မိနစ်)


(2) Pressure Loss Calculation (Return Duct & Fan Total Pressure)

Lecture video (ကြာချိန် ၂၅း၃၈ မိနစ်)


(3) Pressure Loss Calculation Sheet (Excel)