Fire-fighting by Inert Gas in HVAC System

Electrical panel room လိုမျိုး အခန်းတွေ အတွက် မီးလောင်တဲ့ အခါ မီးသတ်ဖို့ အတွက် inert gas ကို fire  extinguishing agent အနေနဲ့ အသုံးပြုလေ့ ရှိပါတယ်။ Water-based systems or chemical agents တွေဟာ electrical equipment တွေကို ပျက်စီးစေနိုင်တဲ့ အတွက် inert gas ကို fire suppression system အတွက် အသုံးပြုရခြင်း ဖြစ်ပါတယ်။

မီးသတ်တဲ့ အခါ oxygen level ကို လျော့ကျသွားအောင် လုပ်တာ ဖြစ်တဲ့အတွက် ventilation system ရဲ့ အဝင်/အထွက် အပေါက်တွေ အကုန်ပိတ်ပစ်ရပါတယ်။ HVAC system အတွက် ပြောမယ်ဆိုရင် supply duct, return duct, exhaust duct, overpressure duct စတာတွေကို အကုန် ပိတ်ပစ်ဖို့ လိုပါတယ်။ ဒါကြောင့် fire damper တွေကို တပ်ဆင်ထားရပါတယ်။ Fire-rated walls (A-rated divisions) တွေမှာ သတ်မှတ်ထားတဲ့ duct size ရဲ့ cross sectional area ကို ကျော်လွန်ရင် fire damper တပ်ဆင်ပေးရပါတယ်။ Fire damper ရဲ့ အလုပ်က မီးလောင်လို့ သူ့မှာ တပ်ဆင်ထားတဲ့ fusible link က သတ်မှတ် temperaure ကို ကျော်လွန်လို့ broken ဖြစ်သွားရင် ပိတ်သွားဖို့ပါ။

ဒီမှာ issue တစ်ခု တွေ့လာရပါတယ်။ ဒီလို fire suppression system အသုံးပြုထားရင် pressure relief damper တပ်ဆင်ပေးရပါတယ်။ Inergen release ဖြစ်လို့ အခန်းမှာ pressure တက်လာရင် ဒီ PRD က ပွင့်သွားဖို့ လိုပါတယ်။ Pressure ဘယ်လောက်မှာ ပွင့်ရမလဲ ဆိုတာကို fire suppression system (inert gas supplier) က ပြောရပါတယ်။ PRD size ကိုလဲ ဘယ်လောက် ထားရမယ် ဆိုတာ သူကပဲ ပြောတယ်။ HVAC supplier က သူပြောတဲ့ အတိုင်း တပ်ဆင်ပေးရတယ်။ ခု ပြထားတဲ့ system မှာဆို 300 Pa မှာ PRD က ပွင့်ရမယ်။ ပြဿနာ က မီးလောင်တဲ့ အခါမှာ fire damper က ပိတ်သွားမှာ ဖြစ်လို့ PRD ပွင့်လာလဲ အခန်းထဲက excessive pressure ကို release လုပ်လို့ မရဘူး ဖြစ်နေတယ်။ Fire damper ကလဲ rules and regulations အရ မတပ်မဖြစ် တပ်ရမယ်။ ပိတ်နေရင်လဲ အလုပ်က မဖြစ်။ ဒါဆို in case of fire မှာ FD က ပွင့်နေအောင် လုပ်မယ် ဆိုလဲ rule ကို ဖောက်ဖျက်ရာ ရောက်မယ်၊ FD က သူ့အလုပ်ကို သူမလုပ်တော့ဘူး ဆိုရင် သူ့ကို fire damper လို့ ခေါ်လို့ မရတော့ဘူး။

ရွေးစရာက မရှိတော့ Classification Society ကို အကြောင်းကြားရတယ်။ လက်ရှိ အခြေအနေ အရ အခန်း ထဲမှာ မီးလောင်လို့ inergen ထွက်လာတဲ့အခါ သတ်မှတ် pressure ထက် ကျော်ရင် PRD ပွင့်၊ FD လဲ open position ဖြစ်၊ ဒီအခြေအနေကို Class က လက်ခံတယ်လို့ အကြောင်းပြန်တယ်။ ဒါကြောင့် တခါတလေမှာ case to case ကြည့်ပြီး လက်ခံတဲ့ conditions တွေ ရှိတတ်လို့ rules and regulations တွေမှာ yes (or) no နှစ်ခုပဲ ရွေးစရာ ရှိမနေတာတွေကို တွေ့နိုင်ပါတယ်။ PRD ဟာ fire approved ဖြစ်လို့ FD ထပ် မလိုတာတွေလဲ ရှိပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *