Glycol Effect on Chiller Operation

Glycol Effect on Chiller Operation

Chilled water system မှာ glycol ရောတဲ့ ဖြစ်စဉ်တွေ၊ အဲလို ရောရတဲ့ အတွက် pump sizing အတွက် ဂရုစိုက်ရမယ့် အချက်တွေကို ကျွန်တော် အရင်က ရေးခဲ့ပြီးပြီ ဖြစ်တဲ့ အတွက် ထပ်မရေးတော့ပါဘူး။ Energy saving အတွက် ရည်ရွယ်တဲ့ Variable primary flow system နဲ့ ပတ်သက်လို့ design စကတည်းက ခုချိန် အထိ ရေးခဲ့တယ်။ ဒီအချိန်မှာ Land HVAC အတွက် ဘာမှ မဟုတ်တော့ပေမယ့် marine and offshore မှာတော့ အနည်းငယ် ကွာခြားမှု ရှိတယ်။ Land မှာလို အတိုင်းအတာ တစ်ခု အထိ လွတ်လွတ်လပ်လပ် ဒီဇိုင်း လုပ်ခွင့်မရ၊ install လုပ်ခွင့်မရတဲ့အတွက် လုပ် လုပ် ဆိုလို့သာ လုပ်ရပေမယ့် energy saving ကို ထင်သ လောက် မရပါဘူး။ အကန့်အသတ်တွေ သိပ်များပါတယ်။ အဓိက ကတော့ sizing and routing ပိုင်း၊ equipment တွေကို နေရာချထားမှု အပိုင်းတွေ ပါပဲ။ ကိုယ်လိုချင်သလို မရပါဘူး။

ဒီရက်ပိုင်းမှာပဲ project တစ်ခု အဆုံးသတ်သွားပါပြီ။ ဒီ system မှာ glycol ဟာ (၃၀%) အထိ ရောရပါတယ်။ Indoor application တွေ အတွက်ဆိုရင် ၁၀%၊ ၁၂% လောက်သာ ရောလေ့ ရှိပါတယ်။ ဆိုတော့ pump sizing မှာကတည်းက ကျွန်တော် အတော်လေး ဂရုစိုက်ခဲ့တယ်။ glycol % များနေတဲ့ အတွက်။ အရင်တော့ ရေးခဲ့ပြီး ဖြစ်ပေမယ့် တချို့ကို အောက်မှာဖော်ပြထားပါတယ် pure water နဲ့ glycol mixture ရဲ့ density ကွာခြားချက် ကို ….

Pure Water

Density 1000 kg/m³ at 6°C, 999.4 kg/m³ at 12°C

Water-glycol Mixture (Glycol 30% by volume)

Density 1050.02 kg/m³ at 6°C, 1048.08 kg/m³ at 12°C

Pump maker ဖက်က မြန်မာတစ်ယောက် ဖြစ်တဲ့အတွက် သူ့ကို ကျွန်တော်က pump order မှာတော့ ပြောတယ်။ ကျွန်တော့်ရဲ့ application က glycol 30% ပါတယ်။ Density value နဲ့ viscosity တန်ဖိုးပေးပြီး ဒီ တန်ဖိုးတွေနဲ့ selection လုပ်ပါ ဆိုပြီး pump head ကောပေါ့ အကုန်ပေးပြီး ရွေးခိုင်းခဲ့တယ်။

ဒီ system အတွက် အခက်အခဲ တွေ ဖြစ်တဲ့ pipe sizing, pipe routing တွေ ရေးပြီး ဖြစ်ပါတယ်။ Chiller plant နဲ့ နောက်ဆုံး FCU တွေဟာ အတော်ဝေး လှတဲ့ အပြင်၊ elevation ကလဲ သိပ်ကွာတဲ့ အတွက် supply water ဟာ chiller ကို ပြန်မလာမှာ အတော်စိုးရိမ်ခဲ့ရပါတယ်။ Required pump head ကို တွက်တာကတော့ တွက်တာပဲ။ ဆိုးရွားလှတဲ့ routing နဲ့ အကွာအဝေးကြောင့် စိုးရိမ်စိတ်ကတော့ commissioning မပြီးမချင်း ရှိနေခဲ့တယ်။

Commissioning ပြီးသွားတော့ ဝမ်းသာသွားတယ်။ Chiller start-up ကို လုပ်သွားတာက ဂျာမဏီက အဖြူတစ်ယောက်။ တစ်ခါတောင်တင်ခဲ့ဖူးတယ် ဒီအကြောင်းနဲ့ပတ်သက်လို့။ သူလဲ ပြန်သွားရောသင်္ဘော ကျင်းက မောင်တွေက glycol မရောမိလို့ ဆိုပြီး ထပ်ရောပါလေရော။ အဲဒီမှာ စပြီး ပျားတုတ်တယ်။ Low flow alarm တွေ လာပြီး chiller က ရပ် ရပ်သွားရော။ Auto mode နဲ့ ဘယ်လိုမှကို run လို့ မရတော့ဘူး။ ဒီ system မှာ by-pass valve ဆိုတာ ရှိတယ်။ နောက်တစ်ခုက service အတွက် by-pass line သပ်သပ် တစ်ခု ရှိသေးတယ်။ အဲဒီလိုင်းတွေ အကုန်ဖွင့်ပြီး manual မောင်းမှ chiller က အလုပ်လုပ်တယ်။

ဒီ issue ကို သိသိချင်း၊ စဉ်းစားစရာ တွေက users တွေ ဖြစ်တဲ့ FCU တွေက သိပ်ဝေးတဲ့ အတွက် return water က ပြန်မလာနိုင်လို့ chiller မှာ low flow alarm နဲ့ shut-down လုပ်ပစ်သလား၊ အခြား တစ်နေရာရာမှာ များ choke ဖြစ်နေသလားပေါ့။ စဉ်းစားစရာတွေ အများကြီး ဖြစ်နေတယ်။ အကုန်လုံးက ဖြစ်နိုင်တယ်။ နောက် သင်္ဘောကျင်းက water balancing လုပ်တာ တလွဲတွေ လုပ်ထားသလားပေါ့။ ဒါလဲ စဉ်းစား စရာပဲ။

ဟိုတလောက ကျွန်တော် သင်္ဘောပေါ် ရောက်လို့ ဗွီဒီယို ဖိုင်လေး တင်ခဲ့တယ် chiller plant ဆိုပြီး။ အဲဒါ ဒီ ပြဿနာ ဘာဖြစ်နိုင်သလဲ ဆိုတာ သွားကြည့်တာ။ ဟိုရောက်တော့ ကျွန်တော် သတိထားမိတာက (၂) ချက် ရှိတယ်။ သိပ်ဝေးလွန်းလှတဲ့ FCU တွေက return water မရောက်တာက တစ်ခု၊ နောက်တစ်ခုက chiller တစ်လုံးတည်း မောင်းရင် flow က (pressure drop across the cooler ကို ကြည့်တယ်) နည်းနည်း လက်ခံ နိုင်တယ်။ Load က တစ်လုံးတည်း မရလို့ နောက်တစ်လုံးကို ခေါ်တဲ့အခါ (master-slave system) ဒုတိယ pump စမောင်းတာနဲ့ pressure ဟာ ချက်ချင်း ပြုတ်ကျပြီး low flow alarm နဲ့ နှစ်လုံး စလုံး ရပ်ပြီး ပွဲက ပြတ်သွားတယ်။ Chiller (evaporator or cooler) ကို protect လုပ်ထားတာက pressure differential ဖြစ်တယ်။ အဲဒီကောင်က pump speed (VFD) နဲ့ by-pass control valve ကို ထိန်းချုပ်တာ။ နောက်ထပ် safety တစ်ခုက flow switch၊ အဲဒီကောင်က chiller မှာ built-in ပါတယ်။ သတိထားပြီး ကြည့်တော့ သူက ဖြုတ်ဖြုတ်ချနေတာ။ ဒါဆိုရင်တော့ flow switch နဲ့ ဆိုင်နေပြီ ဆိုတာ သိခဲ့ရတယ်။

ရုံးပြန်ရောက်တော့ manual ပြန်ကြည့်တော့ flow switch setting ဟာ factory default ဆိုရင် 0.6 m/s ဖြစ်ပြီးတော့ glycol ရောမယ် ဆိုရင် 0.1 m/s ဆိုတာ တွေ့တယ်။ တကယ်တမ်း ပြောရရင်တော့ factory က သိပြီးဖြစ်တယ် ဒီ system ဟာ glycol 30% ရောမယ်ဆိုတာ။ သို့သော် ရောင်းတဲ့သူက တစ်ယောက်၊ selection လုပ်တာက တစ်ယောက်၊ manufacture လုပ်တာက တစ်ယောက်၊ commissioning လုပ်တာက နောက် တစ်ယောက် ဆိုတော့ information က တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့် မကမ်းဘူး။ ဒါနဲ့ စက်ရုံကို ပြော တယ်။ ဒီလိုတော့ တွေ့တယ်။ မင်းတို့ setting ဘယ်လို လုပ်ထားသလဲ ဆိုတော့မှ သူတို့လဲ သတိထား မိတယ်။

Solution တွေ့ပေမယ့် ဟုတ်မဟုတ်က မသိသေးပြန်ဘူး။ အဲဒါကြောင့် စောင့်နေရတယ်။ ဟိုတနေ့က group မှာ ကျွန်တော် ပုံတင်တယ် offshore ကို ရောက်နေတဲ့ sea trial သွားနေတဲ့ဆီ service သမား လိုက်တယ် ဆိုတာ အဲဒါ factory က လွှတ်လိုက်တဲ့ UK က အဖြူတစ်ကောင် သွားတာ။ အဲဒီ flow switch setting ဖြစ်တဲ့ 0.2 m/s (manual မှာ 0.1 m/s) ပြောင်းလိုက်တာ အကုန် auto mode နဲ့ အလုပ်လုပ်ကုန်ရော။ သုံးထားတဲ့ flow switch က HMI မှာ ချိန်းရုံနဲ့ မရဘူး။ ifm flow switch ဖြစ်ပြီး push button ဆိုတဲ့ သူ့ကိရိယာ နဲ့ သူမှ ချိန်းလို့ရတာ။ အဲဒါကြောင့် သူ့အလာကို စောင့်ရတာ။ ပြောလိုတာက glycol များများ ရောမယ်ဆိုရင် သတိ ထားရမယ့် အချက်တွေကို သိစေလိုတာ ဖြစ်တယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *