Hygiene Issues at Silencers

မီးဖိုချောင်မှာ တပ်ထားတဲ့ exhaust fan တွေမှာ သန့်ရှင်းရေး မလုပ်ဖြစ်တာ နည်းနည်း ကြာသွားရင် ဆီခိုးတွေနဲ့ ညစ်ပတ်တတ်ပါတယ်။ Open flow တောင် ဒီလို ဖြစ်ရင် Kitchen hood (galley hood), exhaust duct တွေရဲ့ အတွင်းမှာဆို ပိုတောင် ဆိုးပါလိမ့်မယ်။ Galley hood တွေမှာ grease filter တွေ ပါသလို duct မှာလဲ drain ထားပေးပါတယ်။

ဒီလို နေရာတွေမှာ silencer တွေ တပ်ရင် သင့်တော်ရဲ့လား ဆိုတာ စဉ်းစားစရာ ရှိပါတယ်။ ထို့အတူပဲ dishwasher hood နဲ့ connect လုပ်ထားတဲ့ duct မှာကော silencer တပ်ဆင်သင့်သလား ဆိုတာ မေးစရာ ရှိပါတယ်။ သူ့ရဲ့ ပြဿနာကတော့ airstream ထဲမှာ moisture ပါဝင်မှု များလွန်းတဲ့ အတွက်ပါ။ အတွင်းမှာ ရှိတဲ့ acoustic insulation material ဟာ စိုစွတ်ပြီး ပျက်စီးသွားနိုင်တယ်၊ microbial growth ကို ဖြစ်စေတယ် စတဲ့ အကြောင်းပြချက်တွေ ကြောင့်ပါ။

Circular duct, silencer စတာတွေ ထုတ်လုပ်တဲ့ manufacturer “Lindab” ရဲ့  sales person ကို ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော် မေးဖူးပါတယ်။ မတပ်ဆင်သင့်ဘူးလို့ တော့ ပြောတာမရှိပါဘူး။ Galley အတွက် ဆိုရင် flue gas / higher temperature silencers with a different structure တွေ ရှိတယ်လို့ ပြန်ဖြေပါတယ်။ Cleaning အနေနဲ့ splitter surfaces တွေကို nylon brush (သို့) vacuum cleaner နဲ့ လုပ်လို့ ရပါတယ်။ Cleaning ကတော့ သေချာပေါက် လုပ်ဖို့ လိုပါတယ်။

Outdoor temperature > 0°C နဲ့ relative humidity levels > 80 % of the air မှာ ဆိုရင် microbial growth issue ရှိနိုင်တယ်လို့ German Standard (VDI) က ဆိုပါတယ်။ Humidity levels > 90 % ဆိုရင် အချိန်တို အတွင်းမှာ ဖြစ်တယ် ဆိုရင်တောင် ပြဿနာ ဖြစ်လိမ့်မယ်လို့ ဆိုပြန်ပါတယ်။ Air filter တို့ silencer တို့ကို inspection interval ကို အချိန်ကြာကြာ မထားပဲ check လုပ်ရမယ်လို့ ပြောထားပါတယ်။ ဒါတွေကြောင့်ပဲ humidifier ကို downstream of filter မှာပဲ တပ်ဆင်သင့်ပါတယ်။ Silencer တွေကို duct မှာ တပ်ဆင်ကြတဲ့ အခါ inspection hatch တွေကို silencer ရဲ့ အဝင်နဲ့ အထွက် နှစ်နေရာ စလုံး (သို့) နေရာမရှိရင် အနည်းဆုံး တစ်နေရာမှာ တပ်ဆင်ဖို့ project requirement အနေနဲ့ ထည့်ထားတာတွေလဲ ရှိပါတယ်။ ကျွန်တော့်ရဲ့ လက်ရှိပရောဂျက်တစ်ခုကဆို အဲဒီလိုပဲ တောင်းဆို ထားပါတယ်။

ဖော်ပြပါ နေရာတွေမှာ တပ်ဆင်လို့ မရလို့ ဆိုလိုခြင်း မဟုတ်ပဲ သတိထားရမယ့် အချက်၊ ပုံမှန် စစ်ဆေးဖို့ လိုတဲ့ အချက်များကို ပြောလိုရင်း ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *