Material Safety Datasheet (MSDS)

MSDS ဆိုသော စကားလုံးကို တွေ့ဖူး၊ ကြားဖူး ကြပါလိမ့်မည်။ ၎င်းသည် Material Safety Datasheet ကို ဆိုလို ပြီး product တစ်ခု၏ information များကိုဖော်ပြထားသော document တစ်ခုဖြစ်သည်။ ၎င်းကို အင်ဂျင် နီးယားရင်း နယ်ပယ်တွင် ပို၍ အသုံးများ၊ လူသိများသည်။ အဘယ်ကြောင့်ဆိုသော် product ၏ safety ပိုင်းနှင့် ပတ်သက်၍ အဆိုပါ MSDS ကို ဖတ်ရှု၍ ထိုအထဲတွင် ဖော်ပြထားသည့်အတိုင်း ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာရသောကြောင့်ဖြစ်သည်။ ထို့အပြင် equipment များကို export/ import လုပ်ရာတွင်လည်း ဤ MSDS ကို transporter (forwarder) များ က တောင်းဆိုတတ်ပြီး dangerous goods ဖြစ်ခြင်း၊ မဖြစ်ခြင်း အပေါ်မူတည်၍ သတိထားကိုင်တွယ်ရန် (material handling) နှင့် တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ ဆောင်ရာတွင် သတ်မှတ်ဖော်ပြထားသည့် international or local regulations များကို လိုက်နာ ဆောင်ရွက် နိုင်ရန်အတွက် ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် shipping documents များထဲမှ တစ်ခု ဟုလည်း ဆိုနိုင်ပေသည်။

MSDS တွင် အနည်းဆုံး အနေနှင့် အောက်ပါ အချက်များ ပါဝင်သည်။

(၁) Identification of the article and of the company/undertaking

Product ၏ trade name (နာမည်), shape (ပုံသဏ္ဍန်)၊ item description, information sheet ပြုစုသည့် supplier ၏ ကုမ္ပဏီ အမည်၊ လိပ်စာ၊ အီးမေးလ်၊ အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ် တို့ ပါဝင်သည်။

(၂) Hazards Identification

Product တွင်ပါဝင်သည့် ပစ္စည်း (content)၊ အန္တရာယ် (hazards) ရှိ မရှိဖော်ပြချက်၊ ကိုးကားထားသည့် regulations များ၊ လူတွေ၏ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မည့် ဆိုးကျိုးများ ရှိ မရှိ၊ နှင့် အခြားသော ဆိုးကျိုးများ ရှိနိုင် မရှိနိုင် ကို ဖော်ပြထားသည်။

(၃) Composition / Information on Ingredients

ပါဝင်သည့် substances များကို ဖော်ပြထားမှု

(၄) First Aid Measures

မတော်တဆမှု တစ်ခုခု ဖြစ်လာခဲ့ပါက ရှေးဦးစွာ ပြုလုပ်ရမည့် အောက်ပါ အချက်များ ပါဝင်သည်။

• skin contact – processing လုပ်ချိန်တွင် လူ၏ အရေပြား နှင့် ထိတွေ့မှု ရှိနိုင်ခြေ။ တိုက်ရိုက် မထိတွေ့မိ စေရန် လက်အိတ်ကို အသုံးပြုဖို့ လိုမလို။

• eye contact – processing လုပ်ချိန်တွင် မျက်စိထဲ ဝင်ရောက်နိုင်မှု အခြေအနေ။ ဖြစ်နိုင်ခြေ ရှိ မရှိ ဖော်ပြ ထားခြင်း။ တိုက်ရိုက် ထိတွေ့မိပါက လိုအပ်လျှင် ရေဖြင့် အမြန်ဆေးပစ်ရန် ဖော်ပြထားခြင်း၊ ဆေးကုသမှု ခံယူ ရန် လိုအပ်၊ မလိုအပ် စသည်တို့ ပါဝင်သည်။ ဥပမာ insulation ကဲ့သို့သော အရာသည် သာမန် အခြေအနေ၌ မျက်စိထဲသို့ ဝင်နိုင်ခြေမရှိပေ။ လက်ဖြင့် ကိုင်တွယ်ထားပြီး မျက်စိကို ပွတ်သပ်မိ လျင်တော့ ဖြစ်နိုင်ခြေ ရှိသည်။ အကယ်၍ ဝင်ရောက်ခဲ့ပါက ပြုလုပ်ရမည့် အချက်များ။

• ပါးစပ်ထဲသို့ ဝင်ရောက်နိုင်မှု – သူသည်လည်း ဖြစ်နိုင်ခြေ ရှိ မရှိကို ဖော်ပြထားလေ့ ရှိသည်။ အကယ်၍ ဝင် ရောက်သွားပါက ပြုလုပ်ရမည့် အချက်များ။

• ရှူရှိုက်မိခြင်း – ရှုမိပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များ။ မည်သို့မှ အန္တရာယ် မရှိနိုင်ပါကလည်း မရှိနိုင် သည့်အကြောင်း၊ သတ်မှတ်ထားသည့် limit တစ်ခု ရှိပါကလည်း ထို limit ကို ဖော်ပြထားခြင်း။ အကယ်၍ အသက်ရှူ လမ်းကြောင်း အတွင်း ဝင်ရောက်သွားပါက ပြုလုပ်ရမည့် အချက်များ။

• အထက်ဖော်ပြပါ အချက်များကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် ရောဂါလက္ခဏာ များကို ဖော်ပြထားမှု

• နောက်ဆုံး အနေနှင့် လိုအပ်ပါက ဆေးကုသမှု (medical treatment) ခံယူရနိုင်မည့် အခြေအနေ စသည် တို့ ပါဝင်လေ့ရှိသည်။

(၅) Fire-fighting Measures

Product ကို မီးလောင်ပါက မီးငြှိမ်းသတ်ရန် သင့်တော်သည့် extinguishing media များကို ဖော်ပြထားသည်။ ဥပမာ ရေ၊ CO2, chemical dry powder စသည်တို့ ဖြစ်သည်။ မီးငြှိမ်းသတ်ရန် အတွက် မသင့်တော်သည့် (product နှင့် compatible မဖြစ်သည့်) media ရှိပါက ဖော်ပြထားသည်။

မီးလောင်ပါက ဖြစ်ပေါ်လာနိုင်သည့် special hazards များကို ဖော်ပြထားဖို့လည်း လိုသည်။ မီးလောင်လျင် ကာဗွန်မိုနောက်ဆိုဒ် ဖြစ်သည့် မီးခိုး နှင့် အခိုးအငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင် အောက်ဆိုဒ်၊ ဟေလိုဂျင် ဓါတ်ငွေ့ စသည်တို့ ထွက်လာနိုင်ပါက ဖော်ပြထားရမည်။

ထိုအချိန်တွင် မီးသတ်သမားများ အတွက် လိုအပ်နိုင်သည့် အကြံပြုချက်များကို ဖော်ပြထားလေ့ရှိသည်။ ဥပမာ၊ သင့်တော်သည့် အသက်ရှူ ကိရိယာ များ တပ်ဆင်ထားရန် နှင့် အခြား အချက်များ။

(၆) Accidental Release Measures

မတော်တဆ ထိခိုက်မှု မဖြစ်စေရန် ကြိုတင်ကာကွယ်ထားရမည့် အချက်များကို ဖော်ပြထားခြင်း။ ဥပမာ၊ အကာအကွယ် ပစ္စည်းများကို ဝတ်ဆင်၊ တပ်ဆင်ထားခြင်း (personal protective equipment)၊ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေခြင်း နှင့် ပတ်ဝန်းကျင် ကို မထိခိုက်စေရန် ကြိုတင်ကာကွယ်ထားရမည့် အချက်များ၊ နည်းလမ်းများ တို့ ပါဝင်သည်။

(၇) Handling and Storage

အန္တရာယ်မဖြစ်အောင်ကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် ကြိုတင်သတိပေးထားသည့်အချက်များနှင့် အန္တရာယ် ကင်းအောင် သိုလှောင်သိမ်းဆည်း ထားရမည့် အခြေအနေများကို ဖော်ပြထားရမည်။

(၈) Physical and Chemical Properties

Product ၏ ရုပ်ပိုင်းဆိုင်ရာ၊ ဓါတုဗေဒ ပိုင်းဆိုင်ရာ ဂုဏ်သတ္တိ များကို ဖော်ပြထားချက်များ ပါဝင်သည်။

(၉) Stability and Reactivity

ဓါတု နည်းအရ ဓါတ်ပြိုကွဲမှု ရှိနိုင်ခြေ၊ အခြားအရာများနှင့် ဓါတ်ပြုနိုင်မှု ရှိနိုင် မရှိနိုင် စသည့် အခြေအနေ တို့ကို ဖော်ပြ ထားတတ်သည်။

(၁၀) Toxicological Information

အဆိပ်အတောက် ဖြစ်နိုင်မှု နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ကိုလည်း ဖော်ပြထားတတ်သည်။ ဥပမာ၊ အရေပြား ပွန်းပဲ့နိုင်ခြင်း၊ စပ်ဖျင်းဖျင်း ခံစားရနိုင်ခြင်း၊ မျက်စိ ထိခိုက်နိုင်ခြင်း၊ မျက်စိစပ်ခြင်း၊ အသက်ရှူ လမ်းကြောင်းကို ထိခိုက်စေနိုင်ခြင်း စသည့် အချက်အလက်များကို ဖော်ပြထားတတ်သည်။

(၁၁) Disposal Considerations

အသုံးပြုပြီးပါက စနစ်တကျ စွန့်ပစ်ရမည့် နည်းလမ်းများ (waste treatment methods) ကိုလည်း ဖော်ပြ ထားတတ်သည်။

(၁၂) Transport Information

အန္တရာယ် ရှိသော ပစ္စည်း၊ အန္တရာယ် မရှိသော ပစ္စည်း စသဖြင့် အတန်းအစား ခွဲခြားခြင်း၊ တစ်ခု အပေါ် တစ်ခု ထပ်တင်၍ ရ မရ စသည့် အချက်များ၊ transport hazards, environmental hazards, special precautions for user စသည့် အချက်များကို ဖော်ပြထားလေ့ ရှိသည်။ သယ်ယူပို့ဆောင်မည့် နည်း (ရေကြောင်း သို့မဟုတ် လေကြောင်း) အပေါ် မူတည်ပြီး လိုက်နာရမည့် သက်ဆိုင်ရာ ဥပဒေများကိုလည်း ဖော်ပြထားတတ်သည်။

အထက်ပါအချက်များသည် MSDS တွင် ယေဘုယျ အားဖြင့် ဖော်ပြလေ့ရှိသည့် အချက်များ ဖြစ်သည်။ Product အမျိုးမျိုး ရှိသည့် အတွက် တစ်ခုချင်း စီကို လိုက်၍ ပါဝင်လေ့ ရှိသည့် အကြောင်းအရာများ အနည်းငယ် အပြောင်းအလဲ ရှိနိုင်သော်လည်း အခြေခံ အားဖြင့် အတူတူပင် ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *