Pressure Vessel တွေ ပေါက်ကွဲဖို့ လွယ်သလား

Boiler တွေ ပေါက်တာကို တစ်ခါတစ်ရံ သတင်းတွေ တွေ့ရပေမယ့် ဖြစ်စဉ်ဟာ ရှားတော့ ရှားပါတယ်။ မြန်မာ ပြည်မှာ ဖြစ်တဲ့ သတင်းတွေလည်း တွေ့တယ်။ Pressure vessel တွေ ဖြစ်တဲ့အတွက် ပေါက်ကွဲချိန် အနားမှာ လူရှိရင်တော့ အသက်အန္တရာယ် ရှိပါတယ်။

Boiler လောက် pressure မများတဲ့ ကျွန်တော်တို့ AC&R system မှာ သုံးထားတဲ့ condenser တွေ တောင်မှ design ကို သေချာလုပ်ရပါတယ်။ Heat exchanger company မှာ လုပ်တာ မဟုတ်တဲ့အတွက် ဒီ calculation ပိုင်းတွေကို မလုပ်ရပေမယ့် pressure vessel calculation တွေကိုတော့ သုံးစွဲသူ အနေနဲ့ လေ့လာရပါတယ်။ Wall thickness တွေ၊ nozzle တွေ၊ အခြား components တွေ ဖြစ်တဲ့ tube sheet, collar, cover, bolt, nut စတာတွေ အကုန်လုံးကို ထည့်စဉ်းစားပြီး တွက်ရတဲ့ calculation ဟာ condenser တစ်လုံးအတွက် စာမျက်နှာ 80 နဲ့ အထက်မှာ ရှိပါတယ်။ Tube side, shell side, corrosion ဖြစ်ချိန်မှာ လက်ခံနိုင်မယ့် maximum allowable pressure စတာတွေ ပါတယ်။

AC&R application တွေ အတွက် အသုံးပြုတဲ့ condenser တွေဟာ water side မှာ ဆိုရင် max. 10 bar, refrigerant side မှာ ဆိုရင် max. 30 bar (တကယ် operating pressure ဟာ 15 bar လောက်သာ ရှိပါတယ်) လောက်ကို ခံနိုင်အောင် design လုပ်ထားတာပါ။ Test pressure ဟာ design pressure ရဲ့ 1.5 times ရှိရတဲ့ အတွက် 15 bar (water side) နဲ့ 45 bar (refrigerant side) ပါ။ Pressure test အတွက် pneumatically စမ်းသပ်လေ့ ရှိတာ common ဖြစ်တယ်။ Liquid penetration test လဲ ပြုလုပ်တယ်။ သူကတော့ welding job နဲ့ ပိုဆိုင်တယ်။

Vessel deign code ကို ASME VIII Div.1 အတိုင်း တွက်ရပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ နိုင်ငံတွေက ချမှတ်ထားတဲ့ local regulation တွေကိုလည်း လိုက်နာရပါတယ်။ Brazilian Government Regulation, NR (Regulatory Standards) ordinances of the Ministry of Labour,and HVAC Equipment Design ရဲ့ NR13 standard ဟာ pressure vessel တွေ အတွက် နာမည်ကျော်ပါတယ်။

NR13 standard သည် pressure vessel အကုန်လုံး အတွက် မဟုတ်ပဲ၊ လိုက်နာဖို့ အကျုံးဝင် မဝင် ဆိုသည်ကို pressure နှင့် volume မြှောက်လာဒ်ကို ကြည့်၍ ဆုံးဖြတ်သည်။

PxV မြှောက်လာဒ် (8) ကျော်လျင် NR13 ကို လိုက်နာရမည် ဖြစ်သည်။ P သည် maximum operating pressure in kPa ဖြစ်ပြီး V သည် internal geometric volume in m3 ဖြစ်သည်။

နောက်တစ်ခုမှာ vessel ၏ internal diameter 150mm ထက် နည်းလျင် လိုက်နာစရာ မလိုအပ်ပေ။ ထို့ကြောင့် Brazil project အတွက်ဆိုလျင် ဖြစ်နိုင်ပါက internal diameter ကို 150mm ထက်နည်းအောင် ပြုလုပ်ကြသည်။ ဟိုတလောက ကျွန်တော် တင်လိုက်တဲ့ fire damper control panel ဆိုလျင် သူ့တွင် သုံးထားသည့် air tank ၏ internal diameter သည် 148mm ဖြစ်သည်။ ထို့အတူ refrigeration system အတွက် ဆိုလျင် oil separator တွေအတွက် 150 mm ထက် ငယ်တာကို အသုံးပြုဖို့ ကြိုးစားကြသည်။ Liquid receiver လိုမျိုး ကိုတော့ သေးငယ်ဖို့ မလွယ်သဖြင့် မတတ်နိုင်ပေ။

လိုက်နာရတော့ ဘာတွေ လိုသလဲ ဆိုတော့ construction ပိုင်းသာမက documentation ပိုင်းတွေပါ ပိုလာ သည်။ Name plate က အစ NR13 က သတ်မှတ်ထားသော information တွေ ပါဖို့ လိုသည်။ Construction and pressure test inspection report တွေ လိုတယ်၊ welding specification procedures, welders list, PV calculation report စတဲ့ documents တွေကို submit လုပ်ရတယ်။ Class (ဥပမာ ABS, DNV etc) တစ်ခုခုက design ကို စစ်ဆေး၊ approved လုပ်ရတယ် စာမျက်နှာ တိုင်းကို။

Pressure vessel တွေနဲ့ ပတ်သက်ရင် ဘရာဇီး ပရောဂျက် တွေဟာ အတော် ခေါင်းစား ရပါတယ်။ ၂၀၁၅ က hand-over လုပ်ပြီးခဲ့တဲ့ vessel အတွက် ပြီးခဲ့တဲ့ အပါတ်ကအထိ supply လုပ်ခဲ့တဲ့ condenser နဲ့ ပတ်သက်ပြီး ကျွန်တော့်ဆီကို မေးခွန်းတွေ လာနေတုန်း။ Condenser cover နဲ့ tubesheet ကြားမှာ collar လေး ရှိတယ်။ ပြီးတော့ gasket ရှိတယ်။ အဲဒီ gasket ကို အခုထိ မေးတုန်း။ ၂၀၁၆ လောက်က တစ်ခါ မေးသေးတယ်။ အဲဒါကတော့ collar က metal မဟုတ်လို့ ဆိုပြီး။ Design အရတော့ SS304 collar ပါပဲ။ ဒီလိုလေးတွေ ရှိတယ်။ သေသေချာချာ စစ်တဲ့သူက စစ်တယ်။ တော်ရုံလူကတော့ မသိနိုင်ဘူး။ အဓိကတော့ အတွေ့အကြုံရှိတဲ့ သူတွေ က ဘာကို စစ်ရမလဲ ဆိုတာ သိတာပေါ့။

နောက်ဆုံးတော့ safety relief valve တွေပါပဲ။ အထဲမှာ pressure built-up ဖြစ်လာတဲ့ အခါ သတ်မှတ်ထားတဲ့ pressure ကိုကျော်တာနဲ့ relieve လုပ်ဖို့ပါပဲ။ Condenser တစ်လုံးမှာ တစ်ခုထက်မက ပါနိုင်ပါတယ်။ အရေး ကြီးတဲ့ device ဖြစ်တဲ့ အတွက် certificate နဲ့ လာပါတယ်။ Safety valve sizing ကို သီးသန့်တွက်ရပါတယ်။

အဓိက ပြောလိုသည်မှာ pressure vessel တွေ ပေါက်ကွဲဖို့ ဆိုသည်မှာ မလွယ်ဘူး ဆိုတာ ဖြစ်သည်။

ပုံ(၁) Safety Valve
ပုံ(၂) Safety Valve on Chiller
ပုံ(၃) Category of Pressure Vessels
ပုံ(၄) Pressure Vessel Calculation (Alfa Laval Company)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *