Refrigerant တွေကို ရွေးချယ်ရာမှာ ဘာကြောင့် boiling point က အရေးကြီးသလဲ

Refrigerant များကို ရွေးချယ်တဲ့အခါမှာ သူတို့ရဲ့ chemical properties, physical properties တွေကို ကြည့် ပြီး ရွေးချယ်ရပါတယ်။ ဒါက theoretically အရပါ။ အသုံးပြုသူတွေ အနေနဲ့ကတော့ ဘယ် refrigerant တွေမှာ ဘယ်လို properties တွေရှိတယ်ဆိုတာကို သေသေချာချာ လေ့လာထားသူမဟုတ်ရင် အသေးစိတ်သိဖို့ မလွယ် ပါဘူး။ သူတို့အတွက်က temperature-pressure relationship ကို သိဖို့က ပိုပြီး အရေးကြီးပါတယ်။ ထုတ်လုပ် သူတွေ ကလည်း သူတို့ထုတ်လုပ်လိုက်တဲ့ ဘယ် refrigerant ဟာ မည်သည့် application (high/medium/ low temperature) အတွက် ဆိုတာကိုလည်း ပြောထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ‌ရွေးချယ်စရာ တွေက များတဲ့အတွက် ဘယ်လို refrigerant က မိမိရဲ့ application /system အတွက် ပိုပြီး သင့်လျော်တယ် ဆိုတာကို သိထားဖို့တော့ လိုပါတယ်။ ဒီလို properties တွေ အများကြီးထဲကမှ boiling point နဲ့ ပတ်သက်တာ ကို ပြောလိုပါတယ်။

Refrigerant ဟာ အရည်အခြေအနေကနေ အငွေ့အခြေအနေကို ပြောင်းတဲ့အခါမှာ အပူကိုစုပ်ယူပါတယ်။ ဒါကြောင့် refrigerant ရဲ့ boiling point ဟာ အလွန်အရေးကြီးပါတယ်။ Refrigerant ရဲ့ boiling point temperature ဟာ အအေးခံမယ့်အရာ (သို့) space ရဲ့ temperature ထက်နည်းရပါမယ်။ ပြီးတော့ refrigerant ရဲ့ boiling point temperature (တနည်း) corresponding pressure ဟာ atmospheric pressure (1.01325 bar) ရဲ့ အထက်မှာ ရှိသင့်ပါတယ်။ အဲဒီလို မဟုတ်ဘူး ဆိုရင် boiling point temperature ကို ရရှိဖို့အတွက် compressor ဟာ vacuum pressure မှာ အလုပ်လုပ်ရ ပါလိမ့်မယ်။

ဥပမာ အနေနဲ့ R-134a refrigerant ကို ပြောလိုပါတယ်။ သူဟာ atmospheric pressure (1.01 bar) မှာ -26.07°C ၌ boiling ဖြစ်ပါတယ်။ ဒါကြောင့် room design temperature ဟာ ဒီ boiling point temperature ထက် မြင့်ရပါလိမ့်မယ်။ ဆိုလိုတာက R-134a refrigerant ကို ရွေးမယ်ဆိုရင် evaporation temp. -26.07°C ထက် မနိမ့်သင့်ဘူး။ ဒါထက် ပိုနိမ့်မယ်ဆိုရင် compressor ဟာ vacuum pressure မှာ အလုပ်လုပ်ရလိမ့်မယ်။ အဲဒီလိုဆိုရင် အကြောင်းတစ်ခုခုကြောင့် system leak ဖြစ်ခဲ့ရင် atmospheric pressure ဟာ system ရဲ့ pressure ထက် မြင့်တဲ့အတွက် refrigerant က အပြင်ကို ထွက်သွားမှာ မဟုတ်ပဲ system ရဲ့ အပြင်က လေ၊ ရေငွေ့ နဲ့ အခြား particles and gases တွေဟာ အတွင်းသို့ ဆွဲစုပ်ယူခြင်း ခံရမယ်။ System အတွင်းသို့ moisture ၀င်ရင် အစိတ်အပိုင်းများ ပျက်စီးစေခြင်း၊ performance ကျခြင်း စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်လာလိမ့်မယ်။

R-134a ဟာ air-conditioning system နဲ့ medium temperature refrigeration system အတွက် ဖြစ်ပြီး low temperature application အတွက် မသင့်လျော်ပါဘူး။ EN12900 (compressor rating) အရ medium temperature (evaporation dew point temp.) ဟာ -10°C ဖြစ်ပြီး low temperature (evaporation dew point temp.) ဟာ -35°C ဖြစ်ပါ တယ်။

Compressor ထုတ်လုပ်သူတွေရဲ့ selection tool တွေကို ကြည့်မယ် ဆိုရင် R-134a အတွက် application range ဟာ semi-hermetic type တွေအတွက် -25°C (minimum limit) အနေနဲ့ တွေ့နိုင်ပြီး open type တွေ အတွက်ကတော့ -30°C အထိ ပေးထားတာကို တွေ့လိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် R-134a ကို သုံးထားမယ် ဆိုရင် evaporation temperature ဟာ -26°C ထက် မနည်းအောင် ထားတာက အကောင်းဆုံး ဖြစ်လိမ့်မယ် လို့ အကြံပေးလိုက်ရကြောင်းပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *