Regenerated Noise of Silencers

HVAC System ကြောင့် ဖြစ်တဲ့ noise ကို တွက်ချက်တဲ့အခါမှာ အခန်းတစ်ခုချင်းစီမှာ ရှိနေတဲ့ contributing components အသီးသီးရဲ့ noise ကို logarithmically ပေါင်းပြီးတွက်ရပါတယ်။ ဥပမာ အားဖြင့် AC system အတွက် ဆိုရင် အခန်းထဲမှာ AHU ကြောင့် ဖြစ်တဲ့ noise ရှိပါတယ်။ သူ့မှာ supply air and return (သို့) exhaust air ရှိတယ်။ Recirculation မရှိပဲ exhaust သာ ရှိရင် exhaust fan ကြောင့် ဖြစ်တဲ့ noise လဲ ရှိပါတယ်။

ယခင် ပို့စ်တွေမှာ တင်ပြခဲ့သလိုပဲ အထက်ဖော်ပြပါ အချက်တွေကို တွက်ချက်ကြပေမယ့် flow-generated noise တွေ ဖြစ်တဲ့ VCD (volume control damper) တွေရဲ့ blade adjustment ကြောင့် ဖြစ်တဲ့ noise နဲ့ noise ကို လျှောချဖို့ရန် အတွက် အသုံးပြုတဲ့ silencer တွေ ကိုယ်၌ကြောင့် ဖြစ်တဲ့ regenerated noise တွေကိုတော့ အချို့ noise consultant တွေက ထည့်သွင်းတွက်ချက်တာမျိုး မရှိကြပါဘူး။ VCD တွေရဲ့ blade တွေဟာ ဘယ်လောက်အထိ ပိတ်ထားရမယ်ဆိုတာ မသိတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီအတွက် ခန့်မှန်း တန်ဖိုးအနေနဲ့ ထည့်တွက်ရင်တော့ ဖြစ်နိုင်ပါတယ်။ ဒီအတွက် manufacturer တွေဆီက လိုအပ်တဲ့ ဒေတာ တွေကို ရယူဖို့တော့ လိုပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ graph ဟာ Lindab က ထုတ်လုပ်ထားတဲ့ circular VCD (Dia. 160) တစ်လုံး အတွက် noise data ပါ။ Blade opening degree အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်မယ့် noise တန်ဖိုး ကို ဖတ်ယူတွက်ချက်နိုင်ပါတယ်။ Dotted curve တွေဟာ sound power (dB) တန်ဖိုးတွေပါ။ Pressure drop တန်ဖိုးတွေကိုလဲ တွေ့နိုင်ပါတယ်။ ဒီဥပမာ မှာ ဆိုရင် VCD ရဲ့ blade ဟာ 40 Deg ပိတ်ထား တယ်လို့ ယူဆပြီး noise consultant က assume ယူပြီး တွက်ထားတာပါ။  

ဖော်ပြထားတဲ့ Table မှာဆိုရင် VCD ရဲ့ flow-generated noise ကို ထည့်သွင်း စဥ်းစားထားပါတယ်။ အခု ရထားတဲ့ result တွေဟာ silencer တပ်ထားပြီး အခြေအနေမှာ ရထားတဲ့ result တွေ ဖြစ်ပါတယ်။ Silencer ရဲ့ regenerated noise ကိုတော့ ဒေတာတွေ မရတဲ့အတွက် ထည့်သွင်းစဥ်းစားထားတာ မရှိပါဘူး။ Silencer ရဲ့ regenerated noise ကို ထည့်သွင်းစဥ်းစားပြီး တွက်ချက်မယ် ဆိုရင်တော့ ပိုမိုတိကျတဲ့ result ကို ရနိုင် ပါလိမ့်မယ်။ မိမိ အသုံးပြုမယ့် brand ရဲ့ manufacturer တွေက selection tools တွေ ပြုလုပ်ထားသလား ဆိုတာ မေးမြန်းကြည့်ကြဖို့ လိုပါတယ်။ ဒါဆိုရင်တော့ မိမိဖာသာ ကြိုက်သလို selection လုပ်နိုင်ပါတယ်။ အရေးကြီးတဲ့ factor တွေ အနေနဲ့က pressure drop နဲ့ insertion loss values တွေပါ။ Data available မဖြစ် ရင်လဲ supplier ကို မိမိလိုချင်ရာ တောင်းဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တချို့ selection tools တွေက public အတွက် မဟုတ်ပဲ supplier (distributor) များ အတွက်သာ ဖြစ်နေတတ်လို့ပါ။

Lindab ရဲ့ silencer selection တွေ အတွက် ၎င်းတို့ရဲ့ tool ကို အသုံးပြုကြည့်တဲ့ အခါ အခြား documentation ပိုင်းတွေ အားလုံးအတွက် အဆင်ပြေပါတယ်။ Regenerated noise ကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။ အောက်မှာ ကြည့်ပါ။

https://www.lindqst.com/acoustics/calculator/default.aspx

မြန်မာတွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ Kruger ဟာလဲ silencer တွေ ထုတ်တဲ့ အတွက် ၎င်းတို့ရဲ့ product တွေကိုလဲ အသုံးပြုနိုင်ပါတယ်။ သူတို့ website မှာတော့ selection software ကို မတွေ့ရပါဘူး။ ဒါပေမယ့် သူတို့ကို ကိုယ်လိုချင်တဲ့ ဒေတာတွေ တောင်းယူနိုင်ပါတယ်။ အောက်က ပုံဟာ ၎င်းတို့ provide လုပ်ထားတဲ့ data များပါ။ Silencer များရဲ့ regenerated noise တန်ဖိုးများကိုပါ ဖော်ပြထားတာ တွေ့နိုင်ပါလိမ့်မယ်။  

Kruger ရဲ့ website ကို အောက်တွင် တွေ့နိုင်ပါသည်။

https://www.krugerfan.com/tools/?lang=en

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *