Silencers

HVAC system အတွက် silencer တွေကို ရွေးချယ်တဲ့ အခါမှာ သတိထားစရာတွေ အများကြီး ရှိပါတယ်။ သူ့ကို အသုံးပြုရတဲ့ ရည်ရွယ်ချက်က အသံဆူညံမှုကို လျှော့ချဖို့ ဖြစ်တဲ့အတွက် အဓိက စဉ်းစားရွေးချယ်‌ပေးရတဲ့ အချက်က insertion loss တန်ဖိုးပဲ ဖြစ်ပါတယ်။ ဘယ်လောက်တန်ဖိုးကို ရွေးချယ်ပေးရမလဲ ဆိုတာက သက်ဆိုင်ရာ အခန်းရဲ့ acceptable noise limit အပေါ်မှာ မူတည်တဲ့အတွက် noise calculation ပြုလုပ်တဲ့ အခါမှသာ သိနိုင်ပါလိမ့်မယ်။

Noise consultant တွေရဲ့ အဆိုအရ silencer တွေကို ရွေးချယ်တဲ့ အခါ duct size ထက် ကြီးသင့်တယ်လို့ ဆိုပါတယ်။ ဒါဟာ silencer တွေရဲ့ အတွင်းပိုင်းတည်ဆောက်ပုံတွေကြောင့် ဖြစ်ပါတယ်။ ဆိုတော့ silencer ကို ဖြတ်သန်းတဲ့ အချိန်မှာ ဖြစ်မယ့် air velocity ဟာ in-duct air velocity နဲ့ တူညီသင့်တယ် (သို့) 30% ထက် ပိုမများသင့်ဘူးလို့ ဆိုပါတယ်။ ဒါမှသာ flow-generated noise ကို ရှောင်နိုင်မှာ ဖြစ်ပါတယ်။  

Volume control damper တွေကို တပ်ဆင်တဲ့ အခါမှာလဲ restrict သိပ်လုပ်ရင် regenerated noise ကို ဖြစ်စေတဲ့ အတွက် silencer တပ်လဲ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် duct size ကို ကြီးစေပြီး in-duct air velocity ကို လျှော့ချမှသာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ Blade opening position မှာ 80% ထက်နည်းရင် ဒီလို ပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်။

Circular silencer တွေမှာ ဆိုရင် pod ပါတာ ရှိသလို မပါတာလည်း ရှိပါတယ်။ ပုံမှန်အားဖြင့် pod ပါတာတွေ ဟာ better performance ကို ရစေတာ မှန်ပေမယ့် low frequency အတွက် insertion value နည်းနေတာမျိုး တွေလည်း တွေ့ရပါတယ်။ ဆိုလိုတာက higher frequencies တွေအတွက် ပိုကောင်းတာမျိုးပါ။ မိမိရဲ့ system ဟာ low velocity ဆိုရင် pod မပါတာတွေက ပိုရွေးချယ်သင့်တယ် ဆိုတာမျိုးကို တွေ့ရပါတယ်။ ဒီလိုမျိုး အဖြစ်ကို ကြုံရပြီ ဆိုရင်တော့ manufacturer ကို သေချာအောင် မေးမြန်းပြီးမှ ရွေးချယ်သင့်ပါတယ်။

Octave band frequency အသီးသီးအတွက် insertion loss value တွေကို silencer datasheet တွေမှာ တွေ့နိုင်ပါတယ်။ အခုနောက်ပိုင်းမှာ configuration tool တွေလည်း ရှိတဲ့အတွက် မိမိလိုချင်တဲ့ insertion loss တန်ဖိုးတွေကို ရှာဖွေ ရွေးချယ်ယူနိုင်ပါတယ်။ ဥပမာ-အောက်ပါ အတိုင်းဖြစ်ပါတယ်။

Silencer Without Pod

Dynamic Insertion Loss of Silencer (dB)
63Hz125Hz250Hz500Hz1kHz2kHz4kHz8kHz
2481737221611

Silencer With Pod

Dynamic Insertion Loss of Silencer (dB)
63Hz125Hz250Hz500Hz1kHz2kHz4kHz8kHz
1371839493622

ယခု ဖော်ပြပါ values များကို နှိုင်းယှဉ်ကြည့်ပါက pod မပါတာသည် lower frequencies တွေအတွက် ပိုကောင်းတာကို တွေ့နိုင်ပါသည်။

Silencer w/o Pod

Silencer with Pod

Silencer တွေရဲ့ performance သည် insulation thickness (circular type), length, construction စသည် တို့ အပေါ်တွင် မူတည်ပါသည်။ Insulation thickness သည် 50 mm မှ စတင်လေ့ ရှိသည်။ ID (connection size) သည် 200 mm ဆိုလျင် OD သည် ယေဘုယျ အားဖြင့် 300 mm (+5mm ခန့် ပိုလေ့ ရှိသည်) ဖြစ်သည်။ Pressure drop သည်လည်း fan selection အတွက် အရေးကြီးသော parameter တစ်ခု ဖြစ်သည်။ အချို့ silencer များသည် pressure drop အလွန်များသဖြင့် မိမိ ရွေးချယ်ထားပြီး ဖြစ်သော fan သည် ဤမျှ pressure drop ကို လက်ခံနိုင်ခြင်း မရှိပါက အခြား insertion loss တန်ဖိုး တူသော အခြား mode နှင့် size, length ကို increase လုပ်၍ ရွေးချယ်သင့်သည်။  

Silencer တွေဟာ နေရာတိုင်းမှာ တပ်ဆင်သင့်သလား ဆိုတာလည်း ရှိပါတယ်။ ဒါသည် project specification အပေါ်တွင် မူတည်ပါသည်။ အချို့ project များသည် hygiene ကို ဦးစား‌ပေးသည့် အတွက် kitchen exhaust duct (galley exhaust), scullery exhaust (dishwasher) စသည်တို့တွင် တပ်ဆင်ဖို့ ခွင့်မပြုပေ။ Kitchen မှ ထွက်သော exhaust air သည် ဆီ (grease) များ ပါရှိသည့်အတွက် မသင့်လျော်ခြင်း ဖြစ်သည်။ Dishwasher မှ ထွက်သော လေသည် ရေငွေ့ပါသည့်အတွက် silencer ၌ အသုံးပြုထားသည့် material အတွက် သင့်လျော်ခြင်း မရှိပေ။ အဆိုပါ နေရာများအတွက် low velocity ကို အသုံးပြုသင့်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *