Static Pressure & Noise

မကြာခဏ ဆိုခဲ့ဖူးသလိုပဲ Ventilation fan တွေကို ရွေးချယ်ကြတဲ့ နေရာမှာ final double line drawing ထွက်မှ လုပ်ဖို့ဆိုတာ လက်တွေ့မှာ မရှိသလောက်ပါပဲ။ ပရောဂျက် တစ်ခု စပြီ ဆိုတာနဲ့ equipment size တွေကို 3D model ထဲမှာ ထည့်နိုင်ဖို့ dimension  ပေးကြရတယ်။ Single line ပဲ ထွက်နိုင်တဲ့ အချိန်မှာ duct layout ကို အခြေခံပြီး static pressure ကို ခန့်မှန်းရတယ်။ ပြီးမှ airflow နဲ့ static pressure ကို အခြေခံပြီး fan sizing ကို လုပ်တယ်။ Customized capacity တွေ ဖြစ်တဲ့အတွက် fan maker ကနေ သင့်တော်နဲ့ motor kW, impeller အရွယ်အစား စတာတွေအပေါ် မူတည်ပြီး GA ထုတ်ပေးတယ်။ ဒီတော့မှ client ဖက်ကိုပေးပြီး modelling လုပ်စေတယ်။

Protocol အရ ဆိုရင်တော့ Double line drawing confirmed ဖြစ်ပြီ ဆိုရင် static pressure ပြန်တွက်ပြီးမှ fan ကို အော်ဒါမှာဖို့ပဲ။ စစချင်းတုန်းက ပေးထားတဲ့ အချိန်နဲ့ confirmed ဖြစ်တဲ့ အချိန်က ကြားထဲမှာ အတော်လေး ကြာတတ်တယ်။ Static pressure ကို စ ခန့်မှန်းတဲ့ တန်ဖိုးက reasonable ဖြစ်တယ်ဆိုရင် double line drawing ထွက်လာတဲ့ အချိန် pressure drop calculation ကို တွက်ကြည့်ရင် သိပ်ကွာခြားတာကို တွေ့ရမှာ မဟုတ်ဘူး။ သို့သော် ခန့်မှန်းတာ လွဲသွားသလို၊ ပြန်လည်း မတွက်မိပဲ အရင်ခန့်မှန်းထား တဲ့အတိုင်း မှာမိရင် နောက်ဆက်တွဲ ပြဿနာ လေးတွေ ကြုံရတတ်ပါတယ်။ Noise sensitive ဖြစ်တဲ့ ပရောဂျက်တွေမှာဆို အတော်လေး အခက်တွေ့ရပါတယ်။

အခု ပြထားတဲ့ ပုံက exhaust system အတွက် ဖြစ်ပြီး အရင် ခန့်မှန်းတွက်ချက်ထားတုန်းက static pressure 800 Pa နဲ့ပါ။ အဲဒါကို အကြောင်း အမျိုးမျိုးကြောင့် မပြောင်းမိပဲ အော်ဒါမှာပြီး install လုပ်ပြီးသွားတယ်။ Client ဖက်က static pressure drop calculation တောင်းလို့ ဟိုတလောက ကျွန်တော် ပြန်တွက်တယ် (fan order မှာတဲ့ အထိ ကျွန်တော် ဝင်မပါခဲ့ပါဘူး)။ အဲဒီမှာ 370 Pa ‌လောက်ပဲ calculation result အနေနဲ့ ထွက်တယ်။

Commissioning လုပ်တဲ့ အချိန်မှာ ဒီပြဿနာက ပေါ်လာတယ်။ လိုချင်တဲ့ airflow ထက် များနေတယ်။ အသံ အရမ်းဆူတယ်။ ပြောရရင်တော့ oversized ဖြစ်နေတာပါ။ FAT မှာတုန်းက စစ်တဲ့အချိန်မှာ လိုချင်တဲ့ static pressure ရအောင် လုပ်ပြီးမှ စမ်းတာ ဆိုတော့ design airflow နဲ့ သိပ်မကွာပါဘူး။ တကယ်တမ်းတော့ fan curve ကို ကြည့်ရင် pressure Vs airflow မှာ 370 Pa မှာ ဘယ်လောက် ဖြစ်မယ်ဆိုတာ သိနိုင်ပါတယ်။ Noise requirement ကို မရနိုင်တဲ့ အတွက် VFD တစ်လုံး တပ်ပြီး fan speed ကို လျှော့ဖို့ လုပ်ကောင်း လုပ်နိုင်ပါတယ်။ Airflow အရမ်းများတော့ negative pressure လဲ အချို့ နေရာတွေမှာ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါက static pressure နဲ့ ပတ်သက်လို့ သတိထားစရာတွေပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *