Ventilation fan များကို ရွေးချယ်ရာတွင် လုပ်ဆောင်ရမည့် Procedure များ

ထုတ်လုပ်သူ အနေနဲ့ မဟုတ်ပဲ အသုံးပြုသူ အနေနဲ့ ဆိုလျင် Ventilation fan များကို ရွေးချယ်ဖို့ ဘာတွေ လိုအပ်မလဲ ဆိုတာကို ပြောလိုပါသည်။ လိုအပ်ချက် အဆင့်ဆင့် ကိုအောက်တွင် ကြည့်ပါ။

1) လိုအပ်သော air flow ကို calculation မှရမည်

2) ရလာသော air flow ကိုမူတည်၍ fan install လုပ်မည့် နေရာမှ serving area ကို လေပို့ဆောင်ဖို့ (သို့) လေစုပ်ယူဖို့ duct sizing လုပ်ရမည်။ တစ်ချို့နေရာတွေ မှာတော့ ducting မလိုအပ်ပဲ လေကို တိုက်ရိုက် မောင်းသွင်း၊ ဆွဲစုပ် လုပ်နိုင်သည်။

3) ရလာသော duct size မှ အရှည်ဆုံး duct (branches များ ရှိပါက) ကိုယူ၍ pressure drop calculation တွက်ရမည်။ ဒီကမှ static pressure ရမည်။ ဒီနေရာမှာ ပြောစရာ ရှိတာက အချိန် ဖြစ်သည်။ Fan တစ်လုံးထဲ ဆိုလျင် သိပ်ပြဿနာ မရှိပေမယ့် အများကြီး ဆိုလျှင် manufacturer ဆီမှ ရဖို့ ဆိုလျင် အနည်းဆုံး 6-8 weeks ကြာသည်။ ဒီဖက်မှာကလည်း documentation process တွေက ရှိသေးသည်။ Duct size and duct routing သည် စပြီး install မလုပ်မချင်း အကြောင်း အမျိုးမျိုးကြောင့် ပြောင်းနေသည်။ နောက်ဆုံး final routing ကိုရမှ ဒါကို တွက်မည် ဆိုပါက အချိန်မရှိပေ။ ဒီတော့ static pressure ကို ခန့်မှန်းပြီးတော့ မှာလေ့ ရှိသည်။ ဒီဆိုဒ်၊ ဒီ length ၊ ဒီလောက် capacity (air quantity) ဆိုလျင် static pressure ဘယ်လောက်တော့ ရှိမည် ဆိုပြီး။

4) Static pressure ကိုသိပြီးပြီ ဆိုလျင် ကျန်တာက requirements of fan specification ဖြစ်သည်။ ဒါတွေက known data တွေ ဖြစ်သည်။ အောက်တွင် ဖော်ပြ ထားပါသည်။

(a) Power supply (Voltage, Phase & Frequency)

ဒါကတော့ ship power supply အပေါ်တွင် မူတည်သည်။ အသုံးအများဆုံးက 480V/3Ph/60Hz ဖြစ်သည်။ 230V/Ph/60Hz ကတော့ fan အသေးလေးတွေ အတွက် အသုံးပြုသည်။ 690V ကတော့ ရှိသည်၊ သို့သော် သိပ်အသုံးမများပေ။ Engine room fan တွေ အတွက်တော့ သုံးလေ့ ရှိသည်။ Ship တွေမှာ သုံးတာက 60Hz တွေအများဆုံး ဖြစ်သည်။ Engine room အတွက် 50Hz jet fan တွေကို တစ်ခါပဲ ကျွန်တောတို့ supply လုပ်ဖူးသည်။

(b) Fan Motor

  • ကိုယ်လိုချင်သော motor brand ရှိပါက နာမည် နဲ့ မှာလို့ ရနိုင်ပါသည်။ ဥပမာ၊ CMG, AEG, Siemens, WEG, etc.
  • Safe area အတွက်လား၊ hazardous area (ex-proof) အတွက်လား ဆိုတာ ပြောပါ။
  • Fan inlet cone သည် anti-spark resistance execution အတွက် brass ring ထည့်ဖို့ လိုသလား
  • space heater ပါမလား၊ မပါဘူးလား (5kW အထက်ဆိုရင် ထည့်လေ့ ရှိသည်၊ တကယ်တော့ 10kW အထက်မှ မဖြစ်မနေ လိုအပ်ပေသည်)

(c) Fan type ကိုပြောဖို့ လိုသည်။

  • Centrifugal or axial (forward curved or backward curved blade)
  • Single speed or 2 speed or VS (variable speed)
  • Reversible fan (For example – normal mode ဆို exhaust fan အဖြစ် serve လုပ်၍ emergency mode တွင် supply fan အဖြစ် serve လုပ်သည်)

(d) Material specification

Owner (or) consultant ရဲ့ specification တွေမှာ သိပ်အတိအကျ ကြီးဖော်ပြ ထားလေ့ မရှိပါ။ Petrobras (PNBV) project တွေက လွဲရင်ပေါ့။ သူကတော့ တိတိကျကျ ကို datasheet နဲ့ တကွ ပြောထားတယ်။ ယေဘုယျ အားဖြင့်တော့ သိပ်တင်းကျပ်တဲ့ လိုအပ်ချက် တွေမရှိဘူး။

(e) Fan efficiency
တစ်ခါ တရံ owner or consultant က minimum efficiency လိုအပ်ချက် ကို ပြောထားပါ က လိုက်နာ ပြီး ရွေးချယ် ပေးဖို့ လိုသည်။ အနည်းဆုံး 70% လောက်ရှိသင့်သည်။
အနှစ်ချုပ် အသေးစိတ် ကို အောက်တွင် ကြည့်ပါ။
Purchasing လုပ်ရာတွင် (၂) မျိုး ရှိသည်။
(၁) ပထမ တစ်မျိုးက standard catalogue ကိုကြည့်ပြီး ကိုယ်လိုချင်သော အချက်အလက် များနှင့် ကိုက်ညီသော fan ကို တိုက်ရိုက်မှာခြင်း (လက်တွေ့မှာတော့ စည်းစနစ် တကျ လုပ်သော project များတွင် ဒါမျိုး သိပ်မရှိ)
(၂) ကိုယ်လိုချင်သော အချက်အလက် များကို ပေးပြီး မှာခြင်း (customized)


ကိုယ့်ဖက်က fan maker ကို အော်ဒါ မှာတဲ့ အခါ ပြောရမယ့် အချက်များ

Air flow (cmh or cfm)

Static pressure (Pa or in of wc)

Power supply (V/Ph/Hz)

Motor brand (safe or ex-proof)

Anti-spark resistance execution

Fan type (centrifugal, axial)

Forward curved or backward curved blade

Single inlet or double inlet (for centrifugal only)

Single speed or 2 speed or VSD

Material of casing (mild steel in general)

Casing Thickness (6mm in general)

Blade thickness as per manufacturer’s standard

Discharge side မှာ Flexible canvas ထည့်မှာလား

Inspection cover ထည့်မလား (fan ကြီးလျင် casing တွင် inspection hatch ပါသည်)

Paint (casing ကိုဘာဆေး၊ ဘာအရောင် သုတ်မလဲ ဆိုတာ ပြောဖို့ လိုပါတယ်၊ မပြောရင် ထုတ်လုပ်သူ ရဲ့ standard colour and paint spec. နဲ့ လာပါလိမ့်မယ်။ Marine environment အတွက် အသုံးပြုဖို့ ဆိုတာတော့ ပြောဖို့ လိုပါတယ်)။ Paint ဆိုတဲ့ နေရာမှာ ခံဆေးနဲ့ finishing code ကို ဆိုလိုပါတယ်။ RAL colour code standard အနေနဲ့ လာလိမ့်မည် မပြောလျင်။

Name plate တွင် ထည့်လိုသော equipment tag number ကို တစ်ခါတည်း ပြောပါ။

Junction box cable entry location ကိုပြောထားပါ။ Top or bottom or side entry ဆိုတာကို။

Manufacturer ဆီက ရမယ့် ဒေတာ အချက်အလက် များ
အပေါ်က လိုအပ်ချက် တွေ အပေါ် မူတည်ပြီး ထုတ်လုပ်သူက သင့်တော်သော fan model ကို ရွေးပေး လိမ့်မယ်။

  • Fan model (with or without guide vane)
  • Fan performance curve
  • Fan efficiency
  • Blade angle
  • Motor kW and fan kW
  • Fan size (inlet and outlet dimension), and dimensional drawing for fan construction
  • Noise data
  • Static pressure, velocity pressure and total pressure
  • Design condition (temperature and pressure)

ဒါတွေသည် မှာလိုက်တာနဲ့ ရက်ပိုင်း အတွင်း သူတို့ ရွေးချယ် ပြီးသည်နှင့် ပို့ပေးပါ လိမ့်မည်။ ကိုယ့်ဖက် က စစ်ဆေးကြည့် လို့ Ok တယ် ဆိုရင် confirm လုပ်ရုံပါပဲ။

Fan manufacturer တွေမှ develop လုပ်ထားသော fan selection software များကို အသုံးပြု၍လည်း ရွေးချယ် နိုင်ပါသည်။ သူတို့ကို မှာတဲ့ အချိန် ပြန်ပြီး verify လုပ်ခိုင်း နိုင်သည် ပို၍ သေချာအောင်။ ဒီလိုမှ မဟုတ်ရင်လည်း အပေါ်မှာ ပြောခဲ့ သလို လိုချင်သော ဒေတာ တွေ ပေးပြီး အားလုံး သူတို့လက် အပ်လိုက်လဲ ရသည်။

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *