သင်္ဘောအတော်များများမှာ obsevation deck ရှိကြပေမယ့် window demisting လို့ ခေါ်တဲ့ ပြတင်းပေါက် မှန်တွေကို အပူပေးတဲ့ စနစ် သိပ်ပြီး ပါလေ့ မရှိပါဘူး။ ၂၀၁၁ လောက်တုန်းက လုပ်ခဲ့တဲ့ repair ship တစ်စီး မှာတော့ အဲဒီ system ပါ ပါတယ်။ သူ့မှာတော့ observation deck မထားတဲ့ အတွက် wheelhouse (navigation deck) မှာ ရှိတဲ့ windows တွေကိုပဲ အပူပေးတာပါ။ အပူပေးတဲ့ system ဟာလဲ ဘာမှ ဆန်းတာတော့ မဟုတ်ပါဘူး။ AHU တစ်လုံး ကနေ ထွက်လာတဲ့ လေကို duct heater ကို ထပ်မံ ဖြတ်စေပြီး သတ်မှတ်ထားတဲ့ အပူချိန် တစ်ခုနဲ့ hot air ကို windows တွေဆီကို မှုတ်ထုတ်တာ ပါပဲ။ ဒါက winter အတွက် ဖြစ်ပြီး summer မှာတော့ duct heater ကို ပိတ်ထားပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အပြင်ကို ကြည့်တဲ့အခါမှာ windows တွေမှာ mist ကြောင့် မှုန်ဝါးမှု မဖြစ်စေပဲ clear ဖြစ်နေစေချင်တာ ကြောင့်ပါ။
Windows တွေဆီကို မှုတ်ထုတ်မယ့် air ject ရဲ့ temperature ဟာ 42’C ရှိရမယ်လို့ ISO 8863 မှာ ဖော်ပြထားပါတယ်။ အခုတော့ ISO 7547 အောက်မှာ ဒီ requirements တွေ အားလုံးကို သွပ်သွင်း (merged) လိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး လိုအပ်ချက်ဟာ အထူးသဖြင့် အေးတဲ့ဒေသတွေမှာ operate လုပ်မယ့် ships တွေ အတွက် အဓိက လိုအပ်တာ ဖြစ်တဲ့အတွက် outdoor temperature -20’C လောက် ရှိတဲ့ အချိန်မှာ air temperature 42’C ရဖို့ အတွက် ဆိုရင် AHU ထဲမှာ တပ်ဆင်ထားတဲ့ pre-heater တစ်ခုထဲနဲ့ မလုံလောက်တဲ့ အတွက် duct heater တွေကို ထပ်မံ အသုံးပြုရခြင်း ဖြစ်ပါတယ်။
လိုအပ်တဲ့ လေပမာဏ ဟာ window surface area အပေါ်မှာ မူတည်တဲ့အတွက် 0.015 m3/s per square meter of the area of the glass pane ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ Air jet ရဲ့ အလယ်ဗဟို ဟာ ပုံမှန် မတ်တပ်ရပ်နေတဲ့ navigator ရဲ့ အပေါ်ဖက် 1.5 m အမြင့် ကနေ windows ဆီကို top to bottom direction နဲ့ မှုတ်ထုတ်ရမယ်လို့ အတိအကျ ဆိုထားပါတယ်။ Air ject ရဲ့ velocity ဟာ 1.5 m/s ရှိရမယ်လို့လည်း ဆိုထားပြန်ပါတယ်။ တကယ်တမ်းတော့ 1.5 m/s ကို လိုက်နာဖို့ ဆိုတာ technically အရ အခက်အခဲ လေးတွေ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ nozzle size သိပ်ကြီးသွားနိုင်လို့ပါ။
Wheelhouse တွေမှာ ceiling ရှိတဲ့အတွက် ဒီ hot air ကို သယ်ဆောင်လာမယ့် pipe or duct ဟာ ceiling ရဲ့ အထက်ကနေ run ပြီး glass windows တွေကို top to bottom အနေအထားနဲ့ hit လုပ်နိုင်ပေမယ့် observation deck (monkey island) မှာတော့ ceiling အပြည့် မပါသလို ceiling height ဟာလဲ သိပ်နိမ့်လွန်းနေပါတယ်။ ဒါကြောင့် ducting and nozzle arrangement ကို လုပ်ရတာ ခက်ခဲမှုတွေ ရှိပါတယ်။
Window demisting system နဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ သူတွေ ရှိရင် သိနိုင်အောင် ရှင်းပြပေးခြင်း ဖြစ်ပါတယ်။
သင်္ဘော တစ်စီးပေါ်ကို တက်သွားပြီး အထပ်တိုင်းကို လိုက်ကြည့်နေရသလို ခံစားရမယ့် virtual tour onboard ship ကို ကြည့်ချင်တဲ့ သူတွေရှိရင် အောက်က လင့်မှာ ဝင်ကြည့်နိုင်ပါတယ်။ Observation deck, wheelhose glass windiws တွေကို တွေ့နိုင်ပါတယ်။ ဘယ်ဖက်မှာ ရှိတဲ့ level တစ်ခုချင်းစီကို နှိပ်ပြီး အထပ်တိုင်းကို ဝင်ကြည့်နိုင်ပါတယ်။ ဒီသင်္ဘော ရဲ့ နာမည်ဟာ RV Investigator ဖြစ်ပြီး ၂၀၁၁ မှာ ကျွန်တော်တို့ ကုမ္ပဏီက HVAC system ကို တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီ သင်္ဘော မှာတော့ window demisting system မပါရှိပါဘူး။ သူဟာ research vessel ဖြစ်ပြီး Austrilia မှာ တာဝန်ထမ်းဆောင်နေပါတယ်။ အခု ကျွန်တော် သူနဲ့ ပုံစံတူ သင်္ဘော နောက်တစ်စီး အတွက် HVAC system လုပ်နေတာ ဖြစ်ပြီး အခု သင်္ဘော မှာတော့ window demisting system ပါရှိပါတယ်။
https://content.csiro.au/investigator/rv_investigator.html?html5=prefer