Pump Cavitation

Pump cavitation လို့ ဆိုတဲ့အခါ pump ကြောင့် မဟုတ်ပဲ system ကြောင့် ဖြစ်ရတယ် ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ Pump cavitation ဖြစ်တဲ့အခါ ဆူညံမှု (noise) ဖြစ်ပေါ်လာမှုကို နောက်ထားလို့ ဘယ်လို အသံ ဖြစ်လာ သလဲ ဆိုတာ သိချင်ရင် အခြားလူတွေ စမ်းသပ်ထားတာ ရှိသလို၊ တကယ့် အပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ ကို လက်တွေ့ record လုပ်ထားတဲ့ video တွေ များစွာ ရှိနေပါပြီ။ Video များစွာထဲက ကျွန်တော် သဘောကျတဲ့ YouTube video လင့် တွေထဲက တစ်ခုကို အောက်မှာ ဖော်ပြထားပါတယ်။ စိတ်ဝင်စားရင် လေ့လာကြည့်ပါ။

Suction pipe မှာ flow ကို valve နဲ့ restrict လုပ်ထားတဲ့ အတွက် vapor pressure ထက် ကျဆင်းလာတဲ့ အခါ vapor bubble တွေ ဖြစ်လာပါတယ်။ Restrict လုပ်ထားတဲ့ region ကို ကျော်လွန်လာတဲ့အခါ vapor pressure ထက်ပိုများလာတဲ့ အတွက် bubble ဟာ collapse ဖြစ်လာပြီး liquid အဖြစ်သို့ ပြန်လည် ပြိုကွဲပါတယ်။ ဒီအခါမှာ ဖြစ်ပေါ်တဲ့ sound ဟာ ကျောက်တုံး ကျောက်ခဲလေးများ ပိုက်အတွင်းမှာ ဖြတ်သန်းစီးဆင်းနေသလို အသံမျိုးကို ကြားရပါလိမ့်မယ်။ ဒါကို cavitation ဖြစ်တယ်လို့ ခေါ်ပါတယ်။ Pump အတွက်သာ မက၊ ship propeller, narrow pipe section တွေမှာလည်း ဒီ effect ကို တွေ့ရှိရနိုင်ပါတယ်။ Bubble collapse ဖြစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ water jet ဟာ metal surface ကို ကြိမ်ဖန်များစွာ ရိုက်ခတ်တဲ့အခါ surface တွေမှာ damage ဖြစ်လာပါတယ်။ ဒါကြောင့် pump cavitation ဖြစ်တဲ့အခါ impeller တွေ ပျက်စီးပါတယ်။

Pump cavitation နဲ့ ပတ်သက်လို့ ကျွန်တော် post တွေ ရေးသားဖူးပါတယ်။ ကျွန်တော့်ရဲ့ နောက်ထွက်လာမယ့် HVAC for Marine and Offshore (Volume 2) စာအုပ် ထဲမှာ hydronic system အကြောင်းတွေ၊ HVAC control system အကြောင်းတွေ ပါလာပါလိမ့်မယ်။ အဲဒီအထဲမှာ အသေးစိတ် တွေ ပါဝင်လာပါလိမ့်မယ်။ အခုတော့ ပြောဖို့ စောနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ရေးနေဆဲမို့ပါ။ ကျွန်တော် publish လုပ်တဲ့ hard book တွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေဟာ FB မှာ ရေးထားခဲ့တဲ့ အကြောင်းတွေကို ပြန်လည် ဖော်ပြထားတာထက် ပိုမို အသေးစိတ်တဲ့ (သို့) ကွဲပြားတဲ့ ရေးဟန်တွေကိုသာ တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်စွာ sharing လုပ်ခြင်းနဲ့ စာအုပ်အနေနဲ့ ထုတ်ဝေတဲ့အခါ တိကျမှု နဲ့ ခိုင်မာစွာ ကိုးကားမှု မတူညီတဲ့ အတွက် ဖြစ်ပါတယ်။ ဒါကြောင့် စာအုပ်ကို ဖတ်တဲ့အခါ FB မှာ ဖော်ပြခဲ့တဲ့ အရာတွေကို ဘယ်တော့မှ တစ်ထပ်တည်း ဖော်ပြမှာ မဟုတ်တဲ့ အတွက် အသစ်အဆန်းတွေကို တွေ့ရှိ၊ ခံစားရပါလိမ့်မယ်။ နောက်တစ်ခုကတော့ ထိုစဉ်က ရေးခဲ့တဲ့ အသိပညာ နဲ့ စာအုပ်အနေနဲ့ ထုတ်ဝေတဲ့ အခါမှာ သိရှိတဲ့ အသိပညာနဲ့ မတူညီမှုကြောင့်ပါ။ ဒါကလည်း ကျွန်တော် တစ်ယောက်တည်း သာမက စာရေးသူတိုင်း ကြုံတွေ့ရတဲ့ အရာပါ။ ဒါက ကြုံလို့ ပြောရခြင်းပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *