Compressed Air in HVAC Application

Compressed air ကို HVAC system ၌လည်း အသုံးပြုကြတဲ့ နေရာမှာ Pneumatic Damper Actuator တွေအတွက် ပါဝင်ပါတယ်။ Hydronic system အတွက်ကတော့ electric actuator တွေကိုပဲ အများဆုံး တွေ့ရမှာ ဖြစ်ပါတယ်။ Pneumatic Damper လို့ ပြောရင် fire damper, shut-off damper, gas-tight damper, modulating damper စတာတွေကို တွေ့ရပါလိမ့်မယ်။

Ship/rig/platform တွေပေါ်မှာ instrument အတွက် အသုံးပြုတဲ့ Air reservoir ကနေ Compressed air ကို stainless tubing တွေနဲ့ pneumatic damper control panel သို့ သော်လည်းကောင်း၊ damper actuator ဆီသို့ တိုက်ရိုက်သော်လည်းကောင်း connect လုပ်ထားကြပါတယ်။ Pneumatic damper control panel တွေမှာ air storage tank (10L) လေးတွေ တပ်ဆင်ထားတာကိုလည်း တွေ့နိုင်ပါတယ်။ 10L ထက် ပိုသွားရင် vessel က ကြီးသွားပြီး internal diameter 150mm ထက် ကြီးသွားရင် pressure vessel requirement တွေနဲ့ ငြိသွားတဲ့အတွက် အဲလောက်ပဲ ထားတာပါ။ ဒါကြောင့် ဒီလို control panel တွေဟာ max. 8 dampers လောက်အထိပဲ control လုပ်နိုင်ပါတယ်။

Damper Control Panel

Fire damper တွေ အတွက်ဆိုရင် fire zone အလိုက် group တစ်ခုလုံးကို ပိတ်ချနိုင်ရန်အတွက် solenoid valve တွေ တပ်ဆင်ထားတာကို တွေ့ရနိုင်ပါတယ်။ Damper တစ်ခုချင်းစီမှာလဲ solenoid valve တွေ တပ်ဆင်ထားတာကို တွေ့နိုင်ပါတယ်။

Main system ကနေလာတဲ့ supply air pressure ဟာ 10-16 bar လောက်အထိ ရှိနိုင်ပါတယ်။ Damper အရွယ်အစားကို လိုက်ပြီး torque များနဲ့ actuator တွေကို သုံးနိုင်ပြီး actuator တစ်ခုနဲ့ မလုံလောက်ရင် ဘယ်/ညာ နှစ်ဖက်မှာ actuator နှစ်လုံး နဲ့အထက်ကို အသုံးပြုနိုင်ပါတယ်။ ပုံမှန်အားဖြင့် damper blade တွေဟာ 5 bar ခန့်နဲ့ ပွင့်နိုင်ပါတယ်။ သိပ်ပျော့လွန်းရင်လည်း spring return နဲ့ ပြန်ပိတ်တဲ့အခါ blade တွေ ကောင်းကောင်း မပိတ်တဲ့ ပြဿနာ ကြုံနိုင်ပါတယ်။ Main compressed air line ကလာတဲ့ pressure ဟာ များနေတဲ့အတွက် damper actuator တွေမှာ pressure regulator တွေ ခံထားလေ့ရှိပါတယ်။ အများအား ဖြင့် max. 8 bar လောက် recommend လုပ်လေ့ရှိပါတယ်။

Pneumatic Damper

နောက်အသုံးတစ်ခုကတော့ electrical panel တွေမှာ သုံးတတ်တဲ့ cabinet air cooler ပါ။ Electrical start/control panel တွေအထဲမှာ heat generate လုပ်တာ များတယ်ဆိုရင် air cooler တပ်ဆင်ပြီး temperature ကျအောင် လျှော့ချတဲ့ အနေနဲ့ အသုံးပြုတာပါ။ အခု ပုံမှာတွေ့ရတဲ့ cooler လေးပါ။ သူ့ကို လည်း pressure regulator နဲ့ တွဲသုံးပါတယ်။ Filter ကတော့ electrical components တွေ အထဲမှာ ရှိတဲ့ အတွက် moisture ပါမလာတာသေချာအောင် စစ်ထုတ်ဖို့ အဝင်မှာ တပ်ဆင်ထားဖို့ပါ။ ဒါတွေကတော့ compressed air ကို HVAC system များ အသုံးပြုကြတဲ့အထဲက နှစ်မျိုး ဖြစ်ပါတယ်။

Cabinet Air Cooler

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *