Centrifugal pump စာအုပ်တစ်အုပ်ထဲမှာ author က ဆိုထားတယ်။ Pump ဟာ သူ့ဟာသူ ဆိုရင် liquid ကို pump housing ဆီကို suck or draw မလုပ်နိုင်ဘူးတဲ့။ Impeller eye ဆီကို ဝင်လာတဲ့ liquid မှာ လုံလောက်တဲ့ energy တစ်ခု ရှိမှသာ အလုပ်လုပ်နိုင်တယ်ပေါ့။ Impeller eye ဆီကို ဝင်လာတဲ့ liquid ရဲ့ energy ကို အသုံးပြုပြီး မှ pressure energy သို့ ပြောင်းပြီး flow ကို ဖြစ်စေတယ်ပေါ့။ ဒါကို kinetic energy to pressure energy လို့ ဆိုကြပါတယ် (တစ်နည်း) Bernoulli’s principle ပေါ့။
အဲဒါဟာ NPSH (Net Positive Suction Head) နဲ့ အဓိက သက်ဆိုင်ပါတယ်။ Pump ရဲ့ suction nozzle မှာ liquid ဟာ အမြဲတမ်း ရှိနေဖို့ လိုပါတယ်။ Pump ကနေ စီးထွက်သွားတဲ့ fluid ရဲ့ discharge flow ဟာ အဝင်ထက် မြန်နေတယ် ဆိုရင်လည်း pump ဟာ ရေငတ်တဲ့ ပြဿနာ ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့်ပဲ pump ရဲ့ suction nozzle ဟာ discharge nozzle ထက် ကြီးပေးဖို့ လိုပါတယ်။ Pump တွေကို ကြည့်ရင် suction flange နဲ့ discharge flange ဟာ မတူတာကို တွေ့ရပါလိမ့်မယ်။
NPSH ကို NPSHa and NPSHr ဆိုပြီး နှစ်ခု ခွဲထားပါတယ်။ NPSHa ဟာ system နဲ့ သက်ဆိုင်ပြီး ဖော်မြူလာ နဲ့ တွက်ချက်နိုင်ပါတယ်။ NPSHr ကိုတော့ manufacturer ကနေ လက်တွေ့စမ်းသပ်ပြီးမှ ရတဲ့ တန်ဖိုး ဖြစ်ပါတယ်။ စမ်းသပ်ပုံက သတ်မှတ်ထားတဲ့ pressure loss ရောက်သည်အထိ suction lift ကို adjust လုပ်ခြင်း (သို့) suction valve ကို ပိတ်ပြီး ပြုလုပ်ခြင်းဖြင့် ရတဲ့ တန်ဖိုးပါ။
NPSHr တန်ဖိုးကို pump curve တွေမှာ တွေ့ရပါလိမ့်မယ်။ သူဟာ flow နဲ့ လိုက်ပြီး ပြောင်းလဲနေတဲ့ curve တစ်ခု အနေနဲ့ တွေ့နိုင်ပြီး curve မဟုတ်ပဲ ဂဏန်း တန်ဖိုး တစ်ခုတည်းသာ ဖော်ပြထားတယ် ဆိုရင်တော့ အဲဒီ တန်ဖိုးဟာ best efficiency point (BEP) မှာ ဖြစ်တဲ့ တန်ဖိုး ဖြစ်နိုင်ပါတယ်။
Reference book တွေမှာ ဖော်ပြထားတဲ့ pump curve တွေဟာ ရှုပ်ထွေးပြီး အများအားဖြင့် pump series တွေကို ကိုယ်စားပြု ဖော်ပြထားတဲ့ curve တွေပါ။ ဆိုလိုတာက impeller diameter အများကြီး အပေါ်မှာ အခြေခံထားတဲ့ curves တွေ ဖြစ်လေ့ ရှိပါတယ်။ ကိုယ်က selection လုပ်တဲ့အခါမှာ pump manufacturer ရဲ့ standard catalogue ကို ကြည့်ပြီး အကြမ်းဖျင်း ရွေးတဲ့အခါမှာ အဲဒီ curves တွေကို ကြည့်ပြီး model/series ကို ရွေးချယ်နိုင်ပေမယ့် တကယ်တမ်း ကိုယ်နဲ့ သက်ဆိုင်တဲ့ pump performance curve ကတော့ ကြည့်ရတာ ရှင်းလင်းပါတယ်။ VFD သုံးထားတဲ့ pump curve ဆိုရင်တော့ speed (rpm) များများကို တွေ့ရမှာ ဖြစ်ပါတယ်။ Pump curve မှာ ဖော်ပြထားတဲ့ technical terms (terminology) တွေကိုတော့ နားလည်ဖို့ လိုပါတယ်။
Pump ဟာ လေ့လာရင် လေ့လာနိုင်သလောက် စိတ်ဝင်စားစရာ ကောင်းတာကို တွေ့ရပါလိမ့်မယ်။ Pump တစ်လုံးအတွက် suction side ဟာ အရေးအကြီးဆုံးပါပဲ။ ပြင်ဆိုင်ကို ရောက်လာတဲ့ ပန့်အများစုရဲ့ ပြဿနာဟာ suction side မှာ ဖြစ်တဲ့ ပြဿနာ တွေကြောင့်လို့ ဆိုကြပါတယ်။
