Refrigerated Air Dryer

Compressed air dryers တွေဟာ compressed air system အတွက် အရေးကြီးဆုံး အစိတ်အပိုင်းများထဲက တစ်ခု ဖြစ်ပါတယ်။ Compressed air ဟာ atmospheric air ကို အသုံးပြုတာဖြစ်တဲ့အတွက် ထိုလေထဲမှာ water vapour ပါဝင်နေပါတယ်။ Air compressor မှ ထွက်လာတဲ့ compressed air ကို users (သို့) served area ကို မရောက်ခင် ဒီရေငွေ့ကို ဖယ်ထုတ်ပေးဖို့ လိုပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ clean and dry air ကို ရဖို့ဖြစ်ပြီး ဒါမှသာ ကောင်းမွန်တဲ့ performance ကို ရရှိနိုင်ပြီး low operating cost ကိုလည်း ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ Application အပေါ် မူတည်ပြီး ဖယ်ထုတ်နည်း အမျိုးမျိုး ရှိပြီး ဒီအထဲက တစ်ခုကတော့ refrigeration circuit ကို အသုံးပြုပြီး ရေငွေ့ကို ဖယ်ထုတ်တဲ့နည်း ဖြစ်ပါတယ်။ ဒီ system ကို Refrigerated Air Dryer လို့ ခေါ်ပါတယ်။

Air compressor ကနေ Dryer ကို မရောက်ခင် Air tank, filter စတာတွေကို ဖြတ်ပြီး ဆီ နဲ့ ရေငွေ့ ကို initially ဖယ်ထုတ်ပြီးတော့မှ refrigerated air dryer ကို ဖြတ်ခိုင်းတာလည်း ရှိပါတယ်။ ကျွန်တော်တို့ ပိုပြီး စိတ်ဝင်စားတဲ့ အပိုင်းက refrigerated circuit ဖြစ်ပါတယ်။

နည်းလမ်းမှာ Refrigeration circuit ကို အသုံးပြု၍ air compressor မှ ထွက်လာသော လေကို refrigerant နှင့် အပူဖလှယ်ခြင်း ဖြစ်သည်။ Refrigerant နှင့် အပူဖလှယ်ခြင်းကြောင့် အေးလာသော လေသည် dew point temperature သို့ ရောက်ရှိလာပြီး saturation point ကို ကျော်လွန်သည်နှင့် water vapour ကို ဆက်လက် သယ်ဆောင်နိုင်ခြင်းမရှိတော့သည့်အတွက် condensate water အနေနှင့် လေထဲမှ ထွက်ခွါသွားရသည်။ သမားရိုးကျ chilled water AHU တွေ၌ အသုံးပြုသည့် cooling coil ၌ dehumidification ဖြစ်သည့် ဖြစ်စဉ်နှင့် အတူတူပင် ဖြစ်သည်။  

Compressed air system တွင် dew point temperature သည် +3°C ခန့် ရှိနိုင်သည်။ သို့သော် application အပေါ်တွင် မူတည်၍ system pressure ကို လိုက်၍ ပြောင်းလဲနိုင်သည်။ ဤနေရာတွင် pressure dew point ဆိုသော အခေါ်အဝေါ်တစ်ခုကို တွေ့ရမည် ဖြစ်သည်။ ပုံမှန်အားဖြင့် ကျွန်ုပ်တို့ သုံးနှုန်းသည့် dew point temperature သည် atmospheric pressure 101.325 kPa တွင် ဖြစ်ပြီး compressed air အတွက် pressure dew point (PDP) ဟု သုံးနှုန်းသည်။ Pressure မြင့်လျှင် temperature မြင့်သည့် အတွက် compressed လုပ်ထားသည့် air အတွက် higher dew point temperature ရှိသည်။

Refrigerated air dryer တွင် compressed air circuit နှင့် refrigeration circuit ဟူ၍ နှစ်ခု ပါဝင်ပြီး refrigeration circuit သည် ရိုးစင်းသည်ဟု ဆိုနိုင်ပါသည်။ အချို့ သေးငယ်ပြီး ရိုးရှင်းသည့် air dryer များတွင် air compressor မှ ထွက်လာသော လေသည် refrigerant နှင့် တိုက်ရိုက် အပူဖလှယ်ပြီး လေကို အေးစေကာ water vapour ကို ဖယ်ထုတ်သည်။ အချို့မှာ refrigeration circuit ကို မဖြတ်ခင် air-cooled tube and fin heat exchanger ကို အရင် ဖြတ်သန်းစေပြီး pre-cooling ပြုလုပ်သည်။ Inlet air သည် tube တစ်လျှောက် ဖြတ်သန်းသွားပြီး fan ဖြင့် အအေးခံခြင်း ဖြစ်သည်။ Air compressor မှ ထွက်လာသော လေသည် hot and humid ဖြစ်နေသည့်အတွက် pre-cooling ပြုလုပ်ခြင်းသည် effective ဖြစ်စေသော နည်းလမ်း ဖြစ်သည်။ အချို့ dryer များတွင်တော့ 3 stages ပါဝင်သော heat exchanger ဖြစ်သည်။ ၎င်းသည် shell and tube type ဖြစ်သည်။ ပထမ stage ကို air to air heat exchanger ဟု ခေါ်ပြီး inlet air နှင့် refrigeration circuit ကို ဖြတ်ပြီး ထွက်လာသည့် outlet air နှင့် heat exchange ပြုလုပ်ခြင်း ဖြစ်သည်။ ဒုတိယ stage သည် air to refrigerant heat exchanger ဖြစ်သည်။ Pre-cooled ပြုလုပ်ထားသော လေသည် refrigerant နှင့် dew point temperature အထိ ရောက်အောင် အပူဖလှယ်လိုက်သည့်အတွက် water vapour ကို ဆက်လက်သယ်ဆောင်နိုင်စွမ်း မရှိတော့ပဲ condensed water အနေနှင့် လေထဲမှ ထွက်သွားရသည်။ နောက်ဆုံး stage သည် separator ဖြစ်ပြီး condensed water ကို drain system ဖြင့် ဖယ်ထုတ်ခြင်း ဖြစ်ပြီး dry ဖြစ်သွားသောလေသည် inlet air နှင့် အပူထပ်မံ ဖလှယ်ခြင်းဖြင့် temperature အနည်းငယ်တက်သွားကာ served လုပ်မည့် နေရာ (သို့) air reservoir သို့ သွားပေလိမ့်မည်။

သမားရိုးကျ refrigeration system များ ကဲ့သို့ပင် suction accumulator ကို compressor မဝင်ခင် suction line တွင် တွေ့ရနိုင်သည်။

Control အနေနှင့် condensing pressure ကို maintain လုပ်ထားရန် အတွက် fan pressure control, safety အတွက် ထုံးစံအတိုင်း low pressure, high pressure switches နှင့် high temperature switch များ ပါဝင်သည်။ Capacity control အတွက် hot gas by-pass valve ပါဝင်သည်။ Expansion valve နေရာတွင် capillary tube ကို တွေ့နိုင်သည်။ Drain system အတွက် automatic drain or timer အသုံးပြုပြီး solenoid valve နှင့် အဖွင့်/အပိတ် ကို ဖြစ်စေသည်။ Water level sensor ကို အသုံးပြုသည့် electronic device ကိုလည်း drain system တွင် တွေ့ရနိုင်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *